သတင်းတို

မောင်တောမြို့နယ်၊ ဂြစ်ချောင်းရွာသား တဦးပျောက်ဆုံးနေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်သည့် အကြမ်းဖက်မှု ပျောက်ဆုံးမှုများဖြစ်ပွားနေရာ ဂြစ်ချောင်းကျေးရွာနေ ဦးထွန်းမောင်ဆိုသူမှာ ဇွန်လ ၂၅ ရက်နေ့က ညအိပ် ခရီးသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးသည့်အတွက် ဇနီးဖြစ်သူ မငင်းခီး(ခ) မလှညိုက ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ငါးခူးရနယ်မြေရဲစခန်သို့ လူပျောက်တိုင်ကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင် ခံရုံးက သတင်း ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း လိပ်ရှာသွားရာမှပြန်လာသည့် ထရိန်းကျေးရွာသား ၄ ဦးမှာ အကြမ်းဖက်လူတစု၏ တိုက်ခိုက်ခြင်းခံရပြီး နှစ်ဦးမှာ သေဆုံးခဲ့ကာ နှစ်ဦးတွင် ဒဏ်ရာများရရှိခဲ့ သည်။

မောင်တောနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တဦးက “ထရိန်းရွာသားနှစ်ဦးဖမ်းဆီးပြီး အသတ်ခံရတဲ့အပေါ် ကျနော်တို့စုံစမ်းနေပါတယ်၊ အဲ့ဒါနဲ့ပတ်သက်လို့ ဖမ်းမိထားတာတော့မရှိသေးပါဘူး၊ တခြားဖြစ်စဉ်မှာ ဖမ်းမိထားတဲ့သူတွေနဲ့ ကွင်းဆက်စစ်ဆေးနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောခရိုင်အတွင်း အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်ဖြစ်စဉ်များ ဆက် လက်ဖြစ်ပွားလျှက်ရှိရာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့အထိ သေသုံးသူ ၃၈ ဦးရှိနေပြီး ပျောက်ဆုံးနေသူ ၂၃ ဦးရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading