သတင်းတို

တိုင်းနှင့်ပြည်နယ် လုံ/နယ် ဝန်ကြီး ၇ ဦး ပြောင်းလဲမှု ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များဖြစ်သည့် တိုင်းနှင့်ပြည်နယ်ဆိုင်ရာ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ၇ ဦးကို အစားထိုး ပြောင်းလဲမှုများ ပြုလုပ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဇွန် ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးများအဖြစ် ကရင်ပြည်နယ် လွှတ်တော်မှ ဗိုလ်မှူးကြီးအောင်လွင် အစား ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ချင်းပြည်နယ်လွှတ်တော်မှ ဗိုလ်မှူးကြီး ကျော်ကျော် အစား ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဗိုလ်မှူးကြီးနိုင်ဦး အစား ဗိုလ်မှူးကြီး မင်းဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ဗိုလ်မှူးကြီး မျိုးမင်းအောင် အစား ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ရခိုင်ပြည်နယ် လွှတ်တော်မှ ဗိုလ်မှူးကြီးထိန်လင်း အစား ဗိုလ်မှူးကြီး ဖုန်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ဗိုလ်မှူးကြီး တင်အောင်ထွန်း အစား ဗိုလ်မှူးကြီး အောင်စိုးမိုး နှင့် ရှမ်းပြည်နယ် လွှတ်တော်မှ ဗိုလ်မှူးကြီး စိုးမိုးအောင် အစား ဗိုလ်မှူးကြီး နိုင်ဝင်းအောင်တို့ကို ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဇွန် ၂၉ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာချက်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် ရက်စွဲဖြင့် ဖော်ပြထားသည့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်သို့မဟုတ် ပြည်နယ် လွှတ်တော် ၇ ဦးကို အစားထိုးပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading