အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာ ၁.၄ ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချရန် အတည်ပြုလိုက် သည့် အတွက် တရုတ်သံအမတ်က အဆိုပါ သဘောတူညီချက်သည် သမ္မတ ထရမ့်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ အကြား ဆွေးနွေးချက်ဖြင့် ဆန့်ကျင်နေသည်ဟု ပြောကြားကာ ကန့်ကွက်လိုက်ပါတယ်
“ဒီလုပ်ရပ်က တရုတ်ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့ခြင်းနဲ့ အထူးသဖြင့် ထိုင်ဝမ်ကို လက်နက် ရောင်းတာဟာ နှစ်ဘက် အပြန်အလှန်ယုံကြည်မှုကို ထိခိုက်စေပြီး၊ ထိပ်သီးဆေးနွေးပွဲ စိတ်ဓာတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်”လို့ တရုတ်သံအမတ် ကီကိုင်တေက ဝါရှင်တန်မြို့မှာ သတင်းထောက်များ ကိုပြောလိုက်တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန ပြောခွင့်ရ ဟီသာနျူအက်ကလည်း ထိုင်ဝမ်သို့ လက်နက်ရောင်းချ မည့် ကိစ္စကို အမေရိကန်အစိုးရအနေဖြင့် ကွန်ဂရက်သို့ တရားဝင်အကြောင်းကြားထားကြောင်း ဆို လိုက်ပြီး၊ အမေရိကန်အနေနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒမှာမူ အပြောင်းအလဲရှိမည်မဟုတ်ကြောင်း ထိုလက်နက်များဟာ ထိုင်ဝမ်နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ပေးရန်ဖြစ်ကြောင်းပြောပါ တယ်။
တရုတ်နိုင်ငံကမူ ထိုရောင်းချမှုသည် တရုတ်နှင့် ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးကို တားဆီးနိုင်မည် မဟုတ်ဟု ဝေဖန်ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်ထက်မှာ အရှေ့အလယ်ပိုင်းရှိ ဆော်ဒီအာရေဗီးယားကို အမေရိကန် ဒေါ်လာဘီလျံ ၃၅၀ တန်ဖိုးရှိ လက်နက်များ၊ ကာတာနိုင်ငံသို့ ၁၂ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်များ ရောင်းချခဲ့ပြီဖြစ်ပါတယ်