သတင်းတို

သာသနာ့အလံကို တလွဲအသုံးပြုပါက အရေးယူမည်

Want create site? Find Free WordPress Themes and plugins.

သာသနာ့အလံကို နိုင်ငံရေး၊ လူမှုရေး စသည့် လောကီရေးရာ ကိစ္စရပ်များနှင့် မသင့်လျော်သော နေရာများတွင် အသုံးပြုပါ က ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ ၂၈ ရက် တွင် သတင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိ တချို့သော ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့သည် သာသနာ့အလံကို နိုင်ငံတော်အဆင့် သံဃာ့ အဖွဲ့အစည်းများက သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း သုံးစွဲခြင်းမဟုတ်ဘဲ ၎င်းတို့၏ သဘောဆန္ဒနှင့်အညီ နိုင်ငံရေး၊ လူမှုရေး စသည့် လောကီရေးရာများ၌ တလွဲအသုံးပြုနေခြင်းကို တွေ့ရှိရသောကြောင့် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ် ကြောင်း သိရသည်။

သာသနာ့အလံကို ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်၊ ပွဲတော်၊ အခမ်းအနားတို့တွင်သာ သုံးစွဲနိုင်ပြီး လမ်းဘေး၊ လမ်းဆုံလမ်းခွ၊ မော်တော်ယာဉ်ဆိပ်၊ ရေဆိပ်၊ ဈေး စသောဌာနတို့၌ အကြောင်းမဲ့သက်သက် အသုံးမပြုရဟု နိုင်ငံတော် သံဃ မဟာနာယက က ဆိုသည်။

ယင်းကဲ့သို့ တားမြစ်ချက်များကို မလိုက်နာသော ပုဂ္ဂိုလ်များအား ဓမ္မဝိနယနှင့်အညီ အရေးယူပေးရန် သံဃ မဟာနာယက အဖွဲ့များက အာဏာပိုင်အဖွဲ့အစည်းများကို မေတ္တာရပ်ခံရမည်ဟု သံဃနာယကလက်စွဲအပိုဒ် ၃၁၉ တွင် ပြဋ္ဌာန်းထားသည်။

ရဟန်း၊ သာမဏေများအပြင် တခြားပုဂ္ဂိုလ်များသည် လူအစားကိုးကွယ်သည့် ဘာသာ သာသနာဆိုင်ရာ အထွတ်အမြတ် ထားသည့် ပစ္စည်းကို တလွဲသုံးစွဲပါက ယင်းဘာသာ သာသနာကို ညှိုးနွမ်းစေအောင် ပြုခြင်းဖြစ်သောကြောင့် ရာဇသတ် ကြီး ဥပဒေပုဒ်မ ၂၉၅ နှင့် ငြိစွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading