ရခိုင်ပြည်နယ်အရေး အစိုးရအဖွဲ့ အထူးအစည်းဝေးပြုလုပ်
ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေးတစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်များ သမ္မတအိမ်တော်မှာ ယမန်နေ့ နေ့လည်ပိုင်း က ပြုလုပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီအစည်းအဝေးကို သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတများဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီ ဗန်ထီးယူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရဲအောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်
၃နာရီကျော်ကြာသည့် အစည်းအဝေးတွင် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်ချက်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်မည့် အစီအစဉ်များ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်
အစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းဟာ ဇူလိုင်လ ၃ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုုင်ငံကို သွားရောက်ကာ နိုင်ငံခြားရေးဝန်ကြီး အယ် မာမွတ်အလီနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။