ပြည်တွင်းရှိ မီဒီယာသမားများ၊ ဂျာနယ်လစ်များ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ မီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ဒေသဆိုင်ရာ ကြေညာချက်ကို ဥရောပ သမဂ္ဂက ထုတ်ပြန်လိုက်ပြီး ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
“လတ်တလော လများအတွင်း မြန်မာနိုင်ငံတွင် မီဒီယာသမားများ၊ ဂျာနယ်လစ်များ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရခြင်းများသည် စိုးရိမ်စရာကောင်းသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။
လွတ်လပ်စွာ ထုတ်ဖော်ခြင်း၊ တွေးခေါ်ခြင်း အခွင့်အရေးများသည် လူသားအားလုံးသို့ ခွင့်ပြုထားသည့် လူ့အခွင့်အရေး ဖြစ်ပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တရပ်၏ မရှိမဖြစ် အခြေခံ အုတ်မြစ်တရပ်လည်း ဖြစ်သည့် အပြင် တရားဥပဒေ စိုးမိုးမှုအပေါ် အခြေပြုသည့် တိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာသည့် အခြေခံ အချက်လည်း ဖြစ်သည်။
မီဒီယာ လွတ်လပ်ခွင့်၊ အချုပ်အချယ် ကင်းခြင်းနှင့် ယှဉ်တွဲ နေထိုင်နိုင်ခြင်းများသည် ဒီမိုကရေစီ၏ အသည်းနှလုံး ဖြစ်သည်။ ထို့ကြောင့် ကျနု်ပ်တို့သည် မည်သည့် ခြိမ်းခြောက်မှု၊ ဖမ်းဆီးခံရမှု၊ တရားစွဲဆို ခံရမှုများမှ မပါရှိပဲ လွတ်လပ်၍ လုပ်ကိုင်နိုင်စွမ်းရှိသော ဝန်းကျင်တွင် လုပ်ကိုင်နိုင်ရန် ဂျာနယ်သမားများ အတွက် လိုအပ်သော ဥပဒေ အကာအကွယ်များ ပေးအပ်ပါရန် မြန်မာနိုင်ငံတော် အစိုးရထံသို့ တောင်းဆိုပန်ကြားအပ်ပါသည်။
ဥရောပ သမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံကဲ့သို့ ယခုကဲ့သို့ အရေးပါလှသော ကြိုးစားအားထုတ်မှုများအပေါ် အကူအညီ အထောက်အပံ့ပြုရန် အသင့်ရှိနေကြပါသည်။”