မြန်မာ့ တပ်မတော်(လေ)က ပါကစ္စတန်ထံမှ ဝယ်ယူထားသည့် JF-17/FC-1 အမျိုးအစား ဘက်စုံသုံး တိုက် လေယာဉ် စုစုပေါင်း ၁၆ စီးကို မကြာမီ ပေးပို့တောမှာ ဖြစ်ကြောင်း ပါကစ္စတန် စစ်ဘက် သတင်းများက ဆိုသည်။
တရုတ် ချန်ဒူး လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းနှင့် ပါကစ္စတန်တို့ ဖက်စပ်ထုတ်လုပ်ထားသည့် တယောက်စီး JF-17/FC-1 အမျိုးအစား ဘက်စုံသုံး တိုက်လေယာဉ်သည် စတုထ္တမျိုးဆက်ဖြစ်ပြီး၊ ယင်းအမျိုးအစားကို ဝယ်ယူတဲ့နိုင်ငံများတွင် မြန်မာဟာ ပထမဆုံး ဖောက်သည်နိုင်ငံဖြစ်သည်။
ယင်းလေယာဉ်များသည် ဝေဟင်၌ ဆီဖြည့်နိုင်ပြီး လေကြောင်း အီလက်ထရွန်နစ်နှင့် အီလက် ထရွန်နစ် ကိရိယာများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားကြောင်းသိရသည်။
မြန်မာလေတပ်သည် ၂၀၁၅ ခုနှစ်မှာ တစီးကို အမေရိကန် ဒေါ်လာ ၁၆သန်းနဲ့ ၁၆စီးကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇူလိုင်လက တရုတ်နိုင်ငံ ချန်ဒူးလေဆိပ်မှာ လေ့ကျင့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့သည်။
လက်ရှိ မြန်မာလေတပ်၌ အသုံးပြုနေတဲ့ F-6s၊ F-7s နဲ့ A-5 စတာတွေနေရာမှာ အစားထိုး အသုံးပြုမယ် လို့လည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေသည်။