ယခုတလော လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် တကျော့ပြန် နာမည်ကျော်ကြားလာတဲ့ မအေးသောင်းလို့ ချစ်စနိုးခေါ်နေကြတဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်းကို Remax Myanmar ရဲ့ Brand Ambassador အဖြစ် ခန့်အပ်လိုက်ပါတယ်။
အဆိုပါ Brand Ambassador ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ Melia Hotel တွင် ကျင်းပခဲ့ပါတယ်။
“ပေါက်စီ အခုလို နေရာတနေရာ ပြန်ရလာတာ မီဒီယာကြောင့်ဆိုလည်း မမှားပါဘူး။ Brand Ambassador ဖြစ်သွား တာကတော့ သူတို့ဘက်က ကမ်းလှမ်းလာတယ်။ အမကိုယ်တိုင်သုံးကြည့်တယ်။ အရည်အသွေးလည်း ကောင်းလို့ လက်ခံ ဖြစ်သွားတာပါ။ ဒီ Brand နဲ့ ပတ်သက်ပြီး လူတွေစိတ်ဝင်စားဖို့ကောင်းအောင် လုပ်ပေးရမယ်။ ဓာတ်ပုံတွေရိုက်ပေးရမယ်” လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။
Remax Myanmar ဆိုတာကတော့ Mobile Phone နဲ့ ဆက်စပ်ပစ္စည်းများ ရောင်းချပေးလျက်ရှိပြီး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့တာ ၄ နှစ်နီးပါးရှိပြီလို့ သိရပါတယ်။
“MZ Myanmar က Remax တံဆိပ်ကို မြန်မာနိုင်ငံမှာ ရောင်းချနေတာ ၃ နှစ်ကျော် ၄ နှစ်နီးပါးရှိနေပါပြီ။ အခုခေတ်က ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာမှာ နာမည်ကျော်ကြားတဲ့ မအေးဝတ်ရည်သောင်းကို အမတို့ရဲ့ Brand Ambassador အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ မအေးဝတ်ရည်သောင်းရဲ့ အောင်မြင် ကျော်ကြားမှုနဲ့အတူ ကျမတို့ရဲ့ Brand ကို ပေါက်စေချင်လို့ လုပ်တာပါ “ လို့ Remax Myanmar ရဲ့ အရောင်း မန်နေဂျာ မနန္ဒာအောင်က ပြောပါတယ်။