သတင်းတို

ရွှေ့ပြောင်းလုပ်သားများကို ငွေမညှစ်ရန် ထိုင်းရဲများကို သတိပေးထား

Want create site? Find Free WordPress Themes and plugins.

ပြည်ပလုပ်သားများနှင့်ပတ်သက်သည့် အမိန့်သစ် ထွက်ပေါ်လာပြီးနောက် ဥပဒေ လစ်ဟာကွက် များကို အသုံးချပြီး အလုပ်ရှင်များနှင့် ရွှေ့ပြောင်းလုပ်သားများကို ငွေညစ်သော မည်သည့် ရဲတပ်ဖွဲ့ဝင် မဆို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ချက်သစ် ချိုင်ဂျင်ဒါ ကပြောသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေသစ် အသက်ဝင်သည့်အခါ ချိုးဖောက်သည့် လုပ်ငန်းရှင်များနှင့် နိုင်ငံ ခြားသား အလုပ်သမားများထံမှ အမြတ်ထုတ်ခြင်း မပြုရန် တားမြစ်သည့် အမိန့်ကို ရဲတပ်ဖွဲ့ဝင်များ အားလုံးသို့ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရဲဗိုလ်မှူးကြီး ကရစ်ဆနာက ဆိုပါ သည်။

ထို့အပြင် ပြစ်မှုကျူးလွန်သည့် ရဲများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး၊ အလုပ်ရှင်နှင့် အလုပ်သမား များအနေဖြင့် ငွေညှစ်ခံရပါက ထိုင်းရဲတပ်ဖွဲ့သို့ အကြောင်းရန်လည်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က ထုတ်ပြန်သည့် ပြည်ပအလုပ်သမားဆိုင်ရာ ဥပဒေသစ်ကြောင် ဖမ်းဆီးမှုများ ရှိခဲ့ပြီး အိမ်နီး ချင်းနိုင်ငံများမှ အလုပ်သမားများ အစုလိုက် အပြုံလိုက် ပြည်တော်ပြန်ကြ သည့်အတွက် ဇူလိုင်လ ၁ရက်နေ့မှာ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပုဒ်မ ၄၄ကို သုံးကာ ယင်းဥပဒေကို ရက်ပေါင်း ၁၂၀ ရပ်ဆိုင်းစေခဲ့ပြီး အဖမ်းအဆီးများလည်း ရပ်တန့်သွားသည်။

ထိုသို့ နှောင့်နှေးမှုများနောက်တွင် ယင်းဥပဒေသစ်ကို ပြန်လည်အကောင်အထည်ဖော်မည်လား ဟု မေးသောအခါ အစိုးရ၏ လမ်းညွှန်ချက်ကို စောင့်ကြည် အကောင်အထည်ဖော်မည်ဖြစ်သည်ဟု ဆိုသည်။

ထိုဥပဒေသစ်သည် အလုပ်သမားရှာဖွေနှင့် လုပ်အားစီမံခန့်ခွဲမှု စံနှုန်းများ အခွင့်အရေးချိုးဖောက်မှု နှင့် လူကုန်ကူးမှုဆိုင်ရာ မြှင့်တင်ရန်နှင့် နိုင်ငံတကာ အသိုင်းအဝန်း၏ စွပ်စွဲချက်များကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ပြီး၊ အထောက်အထားမဲ့ ပြည်ပအလုပ်သမားများကို ခန့်ထားသူများအတွက် ပိုမိုပြင်းထန် သော ပြစ်ဒဏ်များ ပြဌာန်းထားပြီး၊ ပိုမိုပြင်းထန်သော ပြစ်ဒဏ်များပါဝင်ကာ ဒဏ်ငွေ ဘတ် ၄သိန်းမှ ဘတ် ၈သိန်းအထိ ပါဝင်သည်။

တချိန်တည်းမှာပင် ထိုင်းအစိုးရက ၎င်းတို့သည် အခြားသောနိုင်ငံများနှင့် ပြုလုပ်ထားသည့် ကတိ ကဝတ်များကို လေးစားလိုက်နာမည်ဟု ကြေညာပြီး၊ ရွေ့ပြောင်းလုပ်သားဆိုင်ရာ ဥပဒေသစ်တွင် ပုဂ္ဂလိက ကဏ္ဍအပေါ် ထိခိုက်မှုသက်သာစေရန် ဆိုင်းငံ့ကာလများလည်း ပါဝင်နိုင်သည် ဟု လည်းဆိုသည်။

အလုပ်ရှင်များနှင့် အလုပ်သမားများ အချိန်လုံလောက်စွာ ရရှိရေးအတွက် ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာသည် ပုဒ်မ ၄၄ ကိုအသုံးပြုပြီး ထို ဥပဒေသစ်၏ တချို့သော ပြဌာန်းချက်များကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့မည်ဟုသတင်းများထွက်ပေါ်နေစဉ် အထက်ပါ အာမခံချက်ထွက်လာခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading