သတင်းတို

ဗြိတိသျှစစ်သားတို့ ယူဆောင်သွားသည့် ရှေးဟောင်းပစ္စည်းများ မိသားစုက ပြန်အပ်မည်

Want create site? Find Free WordPress Themes and plugins.

အင်္ဂလိပ်- မြန်မာ ဒုတိယစစ်အတွင်း အင်္ဂလိပ်တပ်သားတို့ ပဲခူးရွှေမော်ဓောဘုရားမှ ယူဆောင်သွား သည့် ဗုဒ္ဓဆင်းတုနှင့် ရှေးဟောင်းပစ္စည်းတချို့ကို ဆက်ခံသူ သားမြေးတစုက လာမည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြန်လည်ပေးအပ်မည်ဖြစ်သည်။

၁၈၅၂ ခုနှစ် စစ်ပွဲ၌ အင်္ဂလိပ်တပ်များ ပဲခူးရွှေမော်ဓောဘုရား၌ တပ်စွဲထားစဉ် အရာရှိ ဂျော့ ဘော်ဒဲလ် နှင့် အန်းဂတ်စ် ဒါရော့တို့က ရှေးဟောင်းပစ္စည်းများကို အမှတ်တရ အနေဖြင့် ယူဆောင်ခဲ့ကြခြင်းဖြစ် သည်။

အဆိုပါ အရာရှိ ဂျော့ ဘော်ဒဲလ် ၏ သား ဂျော့နှင့် အန်းဂတ်စ် ဒါရော့၏ သမီး အီလီဇာ ဂျင်နက်တာ တို့ အိမ်ထောင်ကျပြီး ၁၈၈၅ ခုနှစ်တွင် နယူးဇီလန်သို့ ပြောင်းရွေခဲ့ရာ မြန်မာရှေးဟောင်း ပစ္စည်းများ ကိုလည်း သယ်ဆောင်သွားပြီး မိသားစု အဆက်ဆက် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ရှေးဟောင်းပစ္စည်းများကို ဆွေမျိုးများ နေအိမ်များတွင် ပြထားသကဲ့သို့ တချို့ကို ထိန်းသိမ်း ထားကြောင်း၊ ယခုအခါ မူလပိုင်ရှင်ထံ ပြန်ပေးရန် မိသားစုဆွေမျိုးများက ဆုံးဖြတ်လိုက်ခြင်းဖြစ် ကြောင်း ဆက်ခံခဲ့သူ အသက် ၆၀ အရွယ်ရှိ ရှေ့နေ ဂရက် ဘော်ဒဲလ်က Herald သတင်းစာကို ပြော သည်။

“ကျနော်တို့ ဒီပစ္စည်းတွေကို အမြဲ တန်ဖိုးထားကိုင်တွယ်ခဲ့တယ်၊ ဒါကြောင့် ကျနော် ဒါတွေကို အမွေ ရခဲ့တာ”ဟု ၎င်းကဆိုသည်။

ရှေ့နေ ဂရက်ဘော်ဒယ်သည် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တဆင့် မြန်မာအာဏာပိုင် များကို ပြန်လည်ပေးရန် ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာဘက်ကလည်း စိတ်ဝင်တစား တုံ့ပြန်ခဲ့ ကြောင်း သိရသည်။

“ဒီပစ္စည်းတွေ ဘယ်ကလာသလဲ၊ ဘာနဲ့ ပတ်သက်ဆက်စပ်သလဲ၊ ကျနော်တို့ မပိုင်ပေမယ့် အိမ်က ဧည့်ခန်းမှာ အမြဲရှိတယ်၊ ကိုင်တွယ်ခွင့်မရပေမယ့် ကျနော့် ကလေးဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်း၊ ဒါကို ပြန်ပေးရင် ဘာအဓိပ္ပါယ်ရှိလာမဲ၊ ဘာကို ဦးစားပေးရမှာလည်း ဆိုတာကို ကျနော် စဉ်းစားမိလာ တယ်” ဟု သူကရှင်းပြသည်။

နယူးဇီလန်ရှိ မိသားစု၏ ဝမ်ဂါရီယယ်တောတွင် ကြီးပြင်းခဲ့သည့် ရှေ့နေ ဂရက်ဘော်ဒဲလ်သည် မီးလင်းဖိုပေါ်တွင်ထားသည့် ငွေ၊ ကျောက်တို့နှင့် ပြုလုပ်ထားသည့် အဆိုပါ ရှေးဟောင်းရုပ်တု လေးများကို ကိုင်တွယ်ခွင့်မရသော်လည်း နှစ်သက်ကြောင်း၊ အဖိုးတန်ကာ ထူးခြားပြီး ဆွဲဆောင်မှု ရှိကြောင်း လည်း ဆိုသည်။

ယခုအခါ အဆိုပါ ရှေးဟောင်းပစ္စည်းများကို မြန်မာနိုင်ငံသို့ ကြိုတင်ပို့ဆောင်ထားပြီး ရှေ့နေ ဂရက် ဘော်ဒယ်နှင့် ဇနီး ဂျနီဖာ ဂျော့တို့သည် ဇူလိုင် ၇ရက်တွင် မြန်မာပြည်သို့ သွားရောက်မည်ဖြစ်သည်။
“ဒီပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်သူတွေအဖြစ် ကိုယ်ကိုကိုယ် သတ်မှတ်ပြီး လာတဲ့နေရာမှာ ပြန်ထားချင်တယ်၊ ကျနော်တို့ မိသားစုမှာ ဒီပစ္စည်းတွေကို မျိုးဆက်ပေါင်းများ ထိန်းသိမ်းခဲ့ပြီးပြီ၊ လူကိုယ်တိုင်ပြန်ပေးချင်တယ်” ဟု ရှေ့နေ ဂရက် ဘော်ဒယ်လ်က ပြောသည်။

သူတို့ဇနီးမောင်နှံသည် မြန်မာပြည်ခရီးစဉ်၌ ၁၈၅၂ ခုနှစ် အင်္ဂလိပ်- မြန်မာ ဒုတိယစစ်အတွင်က အရေးပါသော နေရာများကိုလည်း လေ့လာရန် စိတ်အားထက်သန်နေသည်။

ရွှေမော်ဓောဘုရားကို ၁၀ရာစုဝန်းကျင်က မွန်တိုင်းရင်းသားများက တည်ထားခဲ့ခြင်းဖြစ်သည်ဟု ရှေးသမိုင်းစာအုပ်များအရ သိရပြီး ဗြိတိသျှတို့သည် ၁၉၂၉ ခုနှစ်အထိ က ဘုရား ကုန်းတော်ပေါ်တွင် တပ်စွဲခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading