သတင်းတို

အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေသူကို ဖမ်းဆီးရမိ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိချောင်းခေါင်းဆွဲကျေးရွာတွင် နေထိုင်သည့် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သူ တဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ဇူလိုင်က ၂ ရက်နေ့ မနက် ၈ နာရီက မိချောင်းခေါင်းဆွဲ ကျေးရွာအတွင်း သွားရောက်ရှာဖွေရာ ဖွေယော့အစ္စလာမ် (ဘ) ဖွေယာမောက်အား နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံအား တောင်ဘဇာနယ်မြေ ရဲစခန်းတွင် တရားဥပဒေနှင့်အညီ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၀ ရက်နေ့ကလည်း လူလုပ်လှိုဏ်ခေါင်းများ၊ လက်နက်များနှင့် အကြမ်းဖက်သမားများ ဆက်နွယ်နေသည့် အကြမ်းဖက်စခန်းတခုကို ဘူးသီးတောင်- မောင်တောရှိ မေယုတောင်ကြောတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading