သတင်းတို

အလုံမြို့နယ်တွင် အမျိုးသမီးတဦး ၆ လွှာမှ ခုန်ချ

ရန်ကုန်မြို့ အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်းတွင် ယနေ့ မနက် ၇ နာရီခန့်က အမျိုးသမီးတဦး နေအိမ်တိုက်ခန်း ၆ လွှာမှ ခုန်ချသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ( စိုးရိမ်ရ) အဖြစ် ကုသမှု ခံယူနေရကြောင်း သိရသည်။

နေအိမ် ၆ လွှာမှ ခုန်ချသည့် အမျိုးသမီးသည် ဝဲနှင့် ယာခြေချောင်းများ၊ ခြေသလုံးတို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။ ၎င်းသည် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ တီဘီရောဂါဆေးများ သောက်သုံးနေရသူဖြစ်ပြီး စိတ်ကျရောဂါ ခံစား နေရသူဖြစ်ကြောင်း၊ ၎င်းသည် တိုက်ပေါ်မှ ခုန်မချမီတွင် ရေအိမ်အသုံးပြုသည့် ကြွေဂျီးချွတ်ဆေး အနည်းငယ်သောက်သုံးခဲ့ပြီးမှ ဝရန်တာမှ တဆင့် ခုန်ချခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Loading