မြောက်ကိုရီးယားက ပထမဆုံး တိုက်ချင်းပစ် ဒုံးပျံကို ယနေ့နံနက်ပိုင်းက အောင်မြင်စွာပစ်လွှတ်လိုက် ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာလိုက်ပါတယ်။
Hwasong-14 တိုက်ချင်းပစ် ဒုံးပျံဟာ ၃၉မိနစ်မှာ ၂၈၀၂ ကီလိုမီတာ(၁၇၄၁မိုင်) အမြင့်အထိ ပစ်ခတ် နိုင်ပြီး ၉၉၃ ကီလိုမီတာ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ကတော့ ပြုံယမ်းအနေဖြင့် အမျိုးအမည်မသိ ဒုံးပျံစမ်းသပ်မှုတခု ဂျပန်ပင်လယ်သို့ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ပြောကြားလိုက်ပြီး၊ အမေရိကန်စစ်ဘက်က လည်း ဒီဒုံံးပျံပစ်လွှတ်မှုကို ခြေရာခံ လိုက်လံကြည့်ရှု့ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်ကလည်း အမျိုးသားလုံခြုံရေးကောင်စီ(NSC) ကို အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ပြောလိုက်ပါတယ်။
အလားတူ ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယား ပစ်လွှတ်လိုက်သည့် ဒုံးပျံသည် အမြင့် ကီလိုမီတာ ၂၅၀၀ ထက်ကျော်လွန်ပစ်လွှတ်နိုင်ပြီး၊ ဂျပန်ပင်လယ်ထဲကိုု ကျသွားပါတယ်။