• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

အမေရိကန်ကို ဒုံးပျံစမ်းသပ်မှု လက်ဆောင်သစ်များ ပေးဦးမယ့် မြောက်ကိုရီးယား

by ဧရာဝတီ
5 July 2017
in သတင်းတို
A A
အမေရိကန်ကို ဒုံးပျံစမ်းသပ်မှု လက်ဆောင်သစ်များ ပေးဦးမယ့် မြောက်ကိုရီးယား
9.3k
VIEWS
Share on FacebookShare on Twitter

မြောက်ကိုရီးယားက ပထမဆုံး တိုက်ချင်းပစ် ဒုံးပျံကို မနေ့က ပစ်လွှတ်ပြီးတဲ့နောက်မှာ ဖြစ်ပေါ် လာတဲ့ နိုင်ငံတကာ ဒေါသပေါက်ကွဲမှုအပေါ် ကျေနပ်အားရနေတဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက သူ့အနေနဲ့ နျူကလီးယား စမ်းသပ်မှုကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်သလို နောက်ထပ် ဒုံးပျံစမ်းသပ်မှု လက်ဆောင်တွေကိုလည်း အတွဲလိုက်ပေးအုံးမယ်လို့ ယနေ့ ပြောလိုက်ပါတယ်။

ပြုံယမ်းရဲ့ ဒီလို တိုက်ချင်းပစ် ဒုံးပျံပစ်ခတ်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားကလည်း တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယား ရေပိုင်နက်ထဲကို အတိအကျချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေ ပြန်လည် ပစ်ခတ်ပြီး အင်အားပြလိုက်ပါတယ်။

RelatedPosts

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
949
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
208
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
893

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်ကလည်း စီစဉ်ထားတဲ့ အမေရိကန်- တောင်ကိုရီးယား ပူးတွဲစစ် ရေးလေ့ကျင့်မှုကို စတင်ဖို့ အမိန့်ပေးလိုက်ပြီးနောက်မှာ နှစ်နိုင်ငံပူးပေါင်း ဒုုံးပျံပစ်ခတ် လိုက်တာဖြစ်ပါ တယ်။

မြောက်ကိုရီးယားရဲ့ Hwasong -14 အမျိုးအစား တိုက်ချင်းပစ် ဒုံးပျံ ပစ်လွှတ်မှုဟာ အလွန်အရေးပါ တဲ့ ခြေလှမ်းဖြစ်ပြီး၊ ရည်မှန်းချက် အောင်မြင်ဖို့ နှစ်အတန်ကြာ လုပ်ဆောင်ရဦးမယ်လို့ ကျွမ်းကျင်သူ တွေက ဆိုကြပေမယ့် ဒီအခြေအနေမှာ မဟန့်တားနိုင်ရင် မြောက်ကိုရီးယား ရည်ရွယ်ချက်ဟာ အနှေး အမြန် အောင်မြင်တော့မယ်လို့ဆိုပါတယ်။

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားကတော့ ယနေ့မှာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ဖို့ တောင်းဆိုခဲ့သလို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တေလာဆွန်ကတော့ ပိုမိုပြင်းထန် စွာ အရေးယူဖို့ ကြုံးဝါးလိုက်ပါတယ်။

ဒီလို နိုင်ငံတကာရဲ့ ဒေါသတကြီး တုံ့ပြန်မှုတွေက မြောက်ကိုရီးယားကို ပိုမိုစိတ်အားထက်သန်စေပြီး ပြိုင်ဘက် တောင်ကိုရီးယားနဲ့ အမေရိကန်ကို အမြဲ မထေမဲ့မြင်လုပ်တတ်တဲ့ မြောက်ကိုရီးယား ဝါဒဖြန့် ချိရေး ယန္တရားဟာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းနဲ့ စစ်တပ်ကို ပိုမိုခမ်းနားအောင် လုပ်လာတာတွေကို တွေ့ရပါတယ်။

ယနေ့ မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ခေါင်းဆောင်ကြီး ကင်ဂျုံအန်းဟာ တိုက်ချင်းပစ် ဒုံးပျံ မပစ်လွှတ်မီ ကြည့်ရှု့ ကျေနပ်သလို၊ ဒုံးပျံကြီးဟာ ကြီးမားတဲ့ နျူကလီးယား ထိပ်ဖူးကို တောင် သယ်ဆောင်သွားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ခေါင်းဆောင်ကြီး ကင်ဟာ ယန်းကီးတွေအတွက် လက်ဆောင်ကြီးငယ်တွေကို မကြာခဏ အတွဲလိုက် ပေးဖို့ သူ့ရဲ့ သိပ္ပံပညာရှင်တွေကို တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

ခေါင်းဆောင်ကြီး ကင်ဂျုံအန်း ကတော့ အမေရိကန်တွေ လွတ်လပ်ရေးနေ့ အောင်ပွဲခံချိန်မှာ ဒုံးပျံစမ်း သပ် လိုက်နိုင်လို့ အမေရိကန်မကျေ မချမ်းဖြစ်နေတာကို ကြည့်ပြီး အရမ်းသဘောကျနေတယ်၊ သူ့ရဲ့ သေနင်္ဂဗျူဟာ ရွေးချယ်မှုဟာ အမေရိကန်ကို မကျေမချမ်းဖြစ်စေရမယ်လို့လည်း သိပ္ပံပညာရှင်တွေနဲ့ နည်းပညာရှင်တွေကို ပြောဆိုတယ်လို့ သိရပါတယ်။

အမေရိကန် လွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်နေ့ ဝန်းကျင်ရောက်တိုင်း မြောက်ကိုရီးယားဟာ လက်နက်စမ်းသပ်မှု တွေလုပ်တဲ့ အစဉ်အလာလည်းရှိပါတယ်။

အမေရိကန် နယ်ချဲ့သမားတွေနဲ့ ကြာရှည်လှပြီဖြစ်တဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ နောက်ဆုံးအဆင့်ကိို ရောက်လာပြီဖြစ်ပြီး၊ မြောက်ကိုရီးယားရဲ့ စိတ်ဓာတ်ကိုပြဖို့ အချိန်တန်ပြီလို့လည်း ခေါင်းဆောင်ကြီး ကင်က ပြောတယ်လို့ သတင်းကဆိုပါတယ်။

မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှုအပြီးမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က “မြောက်ကိုရီး ယားကတော့ နောက်ထပ် ဒုံးပျံစမ်းသပ်လိုက်ပြန်ပြီ၊ ဒီလူဟာ သူ့ဘဝမှာ ဒီထက်ကောင်းတဲ့ လုပ်စရာ ဘာမှမရှိတော့ဘူးလား၊ တောင်ကိုရီးယားနဲ့ ဂျပန်က ဒီလုပ်ရပ်ကို သိပ်ကြာကြာ ဆက်သည်းခံနိုင်ဖို့ ဆိုတာတော့ ယုံရခက်တယ်၊ တရုတ်က မြောက်ကိုရီးယားကို အကြီးအကျယ်ကိုင်တွယ်ပြီး ဒီအနှစ်သာ ရမရှိတဲ့ လုပ်ရပ်ကို ထာဝရအဆုံးသတ်လိမ့်မယ်” လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးခဲ့ပါတယ်။

Your Thoughts …
Tags: မြောက်ကိုရီးယား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
9.9k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

by Jong Min Lee
11 March 2024
7.3k

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးပြုရန် ပထမဆုံးကြိုးစားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ ခုနှစ်တွင် ထူထောင်ခြင်းဖြင့် စတင်သည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
21.9k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

by Bertil Lintner
5 September 2023
5.6k

အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

by Maung Kavi
2 February 2024
3.4k

တနိုင်ငံလုံးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုသည် စစ်ကောင်စီဝါဒဖြန့် သတင်းစာ မျက်နှာဖုံးနှင့် နောက်ကျောတွင်သာ ရှိသည်။

တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ

တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ

by ဧရာဝတီ
5 December 2024
3.3k

တရုတ်သည် မြန်မာတွင် ဩဇာထူထောင်မှု အရှိန်မြှင့်လာသောအခါ အခင်းအကျင်းများကို ပြောင်းလဲရေးနှင့် တရုတ်ကို ရင်ဆိုင်ရေးတွင် ပိုမို နိုးကြားလာသော အနောက်တိုင်းအတွက် အရေးပါသောကာလ ဖြစ်လာသည်။

Next Post
NLD ပါတီပြောခွင့်ရ ဦးဝင်ထိန် / ဇာနည်မာန် / ဧရာဝတီ

အကျင့်ပျက် ညံ့ဖျင်း အရာရှိများကို NLD အရေးယူမည်

လာဘ်စားမှုစွပ်စွဲချက်ကြောင့် ထိုင်းနယ်စပ်စစ်ဆေးရေးဂိတ် ၂ ခုပိတ်

လာဘ်စားမှုစွပ်စွဲချက်ကြောင့် ထိုင်းနယ်စပ်စစ်ဆေးရေးဂိတ် ၂ ခုပိတ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate