မြန်မာနိုင်ငံသို့ ပြန်ကြသော ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းမှပြန်လည်ထွက်ခွာရန် လာဘ်ထိုးရ သည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ပြီးနောက် တပ်ခ်ခရိုင် မဲဆောက်မြို့မှ ရဲ စစ်ဆေးရေးစခန်း ၂ ခုကို ပိတ်လိုက်ကြောင်း အမှတ် ၆ ခရိုင်ရဲတပ်ဖွဲ့ ၏ ရဲ ဒု ဗိုလ်ချုပ်ကြီး တာဝစ်ချက် ပလာဆက် က ယနေ့ ပြောသည်။
ဟွေးယားဦးနှင့် မယ်သာ စစ်ဆေးရေးဂိတ် ၂ခုကို ပယ်ဖျက်လိုက်ခြင်းသည် ရဲဌာန၏ ရိုးသားမှုကို ပြသ ရန် ကြိုတင်ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ် ကြောင်း သူကဆိုသည်။
လာဘ်ယူမှုတွင် ပါဝင်ပတ်သက်ကြောင်း တွေ့ရှိပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်ဒဏ်ရင်ဆိုင်ရမည် ဖြစ်ပြီး၊ ပါဝင်ခြင်းမရှိလျှင်လည်း ယင်းအခြေအနေကို မြန်မာအရာရှိများအား ရှင်းပြမည်ဟု သူက ဆက် ပြောသည်။
တတိယမြောက် စစ်ဆေးရေးစခန်းကိုမူ မူးယစ်ဆေးနှင့် အခြားသောအရာများ မှောင်ခိုသည့် သတင်းများ စုဆောင်ရန်နှင့် ရာဇဝတ်မှု တားဆီးရန် လိုအပ်ချက်အရ ဆက်လက်ဖွင့်လှစ်ထားဆဲ ဖြစ်ကြောင်းသိရသည်။
တပ်ခ် – မဲဆောက်လမ်းမှ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့က ပြန်လာသော မြန်မာရွှေ့ပြောင်းလုပ်သား များအား ထိုင်းရဲများ၏ လာဘ်တောင်းမှုကို စုံစမ်းစစ်ဆေးပေးရန် မြဝတီမှ မြန်မာအရာရှိများက ယခုအပတ်အစောပိုင်းက ထိုင်းအရာရှိများအား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
တင်းကျပ်သော ပြည်ပအလုပ်သမား ဥပဒေသစ်သည် မြန်မာအလုပ်သမား ထောင်ပေါင်းများစွာကို ပြည်တော်ပြန်ရန်ဖိအားပေးနေပြီး၊ အလုပ်သမား အများအပြားမှာ ဒဏ်ငွေအကြီးအကျယ်ဆောင်ရ မည်ကို စိုးရိမ်သည့် အလုပ်ရှင်များက ပြန်ခိုင်းခြင်းဖြစ်သည်။