သတင်းတို

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ၅ ကြိမ်မြောက် အာမခံပယ်ချခံရ

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲခံထားရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံ လျှောက်ထားမှုကို အထောက်အထား မပြည့်စုံဟုဆိုကာ ၅ ကြိမ်မြောက်အဖြစ် ယနေ့ရုံးချိန်းတွင် ဗဟန်းမြို့နယ်တရားရုံးက ထပ်မံ ပယ်ချလိုက်ကြောင်း ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်ကပြောသည်။

ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးလင်းထွန်းကို စစ်ဆေးခဲ့ကြောင်း၊ ၎င်းသရော်စာနှင့် ပတ်သက်ပြီး ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို အရေးယူပေးရန်လည်း ဒုတိယဗိုလ်မှူးကြီးလင်းထွန်းမှ ဗဟန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျောက်ထားမှုကို သီးခြားအနေဖြင့်လည်း ပြုလုပ်ထားပြီး ယင်းသို့ဦးတိုက်လျှောက်ထားမှုကို ယနေ့အထိ ကာယကံရှင်များထံ မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို အကြောင်းကြားခြင်းမရှိသေးပါ။

ဦးကျော်မင်းဆွေသည် ဗြိတိသျှကိုကိုမောင် ရေးသားသည့် “ကျည်ထောင်စုသစ္စာ” သရော်စာ
အား သတင်းစာတွင်ထည့်သွင်းဖော်ပြခဲ့သည့်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ကာ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Loading