တိုက်ပွဲဖြစ်ပွားရာ လက်နက်ကိုင် အကြမ်းဖက်သမား ၂ဦးသေဆုံးပြီး ၂ဦးအရှင်ဖမ်းမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
ယမန်နေ့နံနက် ၁၁နာရီခန့်က လုံခြုံရေးတပ်များ တင်းမေရွာသို့ ရောက်ရှိစဉ် ဖွေယော့ အစ္စလာမ်ဆို သူ၏ နေအိမ်အတွင်းမှ လက်နက်ငယ်များအတွဲလိုက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခြင်ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် အကြမ်းဖက်သမား ၂ဦး အသေဖမ်းမိပြီး၊ အိမ်ရှင်ဖြစ်သူ် ဖွေယော့အစ္စလာမ်ကို အရှင်ဖမ်းမိကြောင်း၊ လုံခြုံရေးတပ်များအား နှောက်ယှက်ဟန့်တားသူ ဇာဘဲရ် ဆိုသူလည်။ ဖမ်းဆီး ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ဆက်လက်ရှင်းလင်းရာ ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ရက်နေ့က ကျီးကန်းပြင်ရဲစခန်း အတိုက်ခံရမှု၌ လုယူသွားသည့် BA- 94 ရိုင်ဖယ် ၁လက်နှင့် ကျည် ၆တောင့်၊ လုပ်သေနတ် ၁လက်၊ အဝေးထိန်းမိုင်း ၁လုံး၊ လက်လုပ်မိုင်းလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ စကားပြောစက်နှင့် ဖုန်းများ၊ ဓားလက်နက်များ၊ ဘင်္ဂလားဒေ့ရှ် နိုုင်ငံသုံးငွေများ သိမ်းဆည်းရမိခဲ့သည်။
ယခုအခါ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ကိုင်နေ ပြီး၊ ဖမ်းမိသူများကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။