အင်္ဂလန်နိုင်ငံ လန်ဒန်မြောက်ပိုင်း ကမ္ဘာလှည့် ခရီးသည်များ သွားရောက်လည်ပတ်ရာ ကမ်ဒန်လော့ခ် ဈေးတွင် ယနေ့နံနက်စောစောက မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားသည်။
တနင်္ဂနေ့ ည သန်းခေါင်ကျော်တွင် ဈေးဝင်းအတွင်းရှိ ၃ထပ်အဆောက်အအုံနှင့် ခေါင်မိုးတို့ မီးစွဲ လောင်ခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်သမား ၇၀ ကျော်နှင့် မီးသတ်ကား ၁၀စီးလာရောက် ငြိမ်းသတ် ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဟု သိရသည်။
ထိုဈေးသည် လန်ဒန်သားများနှင့် ကမ္ဘာလှည့်ခရီးသည်များ အကြားတွင် ရေပန်းစားသည်။
လူ ၈၀ခန့် သေဆုံးခဲ့ရသည့် ဂရန်းဖဲလ်တာဝါ မီးလောင်မှုအပြီး ၄ပတ်အကြာ ထပ်မံလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။