သတင်းတို

မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် ၁၀၈ဦး နေရပ်ပြန်မည်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ထဆောင်ရန်းခရိုင် မယ်လ ဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် ၁၀၈ ဦး ဆန္ဒအလျှောက် နေရပ်သို့ ပြန်မည်ဖြစ်ကြောင်း Bangkok Post သတင်းကဆိုသည်။

ကရင်ဒုက္ခသည်များ အများဆုံးနေထိုင်သည့် ဒုက္ခသည်စခန်းကို မြန်မာသံရုံး နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်ခဲ့ပြီးနောက် ပြည်တော်ပြန်မည့် သတင်း များ ထွက်ပေါ် လာခြင်းဖြစ်သည်။

ပြည်တော်ပြန်မည့် မိသားစုမှာ ၂၈ စုရှိကြောင်း၊ ၎င်းတို့ တရားဝင် အိမ်ပြန်နိုင်ရေးအတွက် စာရွက်စာ တမ်းများကို နှစ်နိုင်ငံ သံတမန်များက စတင်ပြုလုပ်မည်ဖြစ်ကြောင်း ထဆောင်ရန်း ခရိုင်အုပ်ချုပ်ရေး မှူး Suebpong Nimpoonsawat က ပြောသည်။

အကယ်၍ အိမ်ပြန်ဖို့ သဘောတူညီမှုရရှိပါက သူတို့ကို နေစရာနှင့် စိုက်ပျိုးစရာ မြေနေရာများ မြန်မာအစိုးရက တာဝန်ယူ ထောက်ပံပေးမည်ဖြစ်ကြောင်းလည်း ဆိုသည်။

အဆိုပါ မယ်လဒုက္ခသည် စခန်းကို ၁၉၈၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဒုက္ခသည် ၄၃၀၀၀ ရှိကြောင်း ၂၀၁၄ ခုနှစ်က ကောက်ခံသည့် သတင်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်က မယ်လစခန်းတွင် မိမိကိုယ် မိမိ သေကြောင်း ကြံစည်မှု ၅၇ မှုဖြစ်ပွားခဲ့ရာ အများစုမှာ မရောရာသော အနာဂတ်နှင့် လူမှုစီးပွားဖိအားများကြောင့်ဖြစ်ကြောင်း၊ နေထိုင်သူများမှာ နိုင်ငံသား အဆင့်အတန်းနှင့် လူမှုဖူလုံရေး စောင့်ရှောက်မှုမရသည့် အပြင်၊ ပညာရေးနှင့် စစ်မှန်သော အလုပ် အကိုင်ရရှိရန် အကန့်အသတ်များရှိနေသောကြောင့် ဖြစ်ကြောင်း ပညာရှင်များ သုံးသပ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading