အမေရိကန် မရိန်းတပ် မှ KC- 130 အမျိုးအစား လောင်စာဆီနှင့် လက်နက်များတင်ဆောင်လာတဲ့ ကုန်တင်လေယာဉ်တစီး မစ္စစပီပြည်နယ်မှာ မနေ့က ပျက်ကျ ရာ ၁၆ဦး သေဆုံးသွားကြောင်း သိရပါတယ်။
LeFlore စီရင်စု အရေးပေါ်ကယ်ဆယ်ရေး စီမံခန့်ခွဲမှု ဒါရိုက်တာ ဖရက်ဒ် ရန်ဒယ်ရဲ့ အဆိုအရ သေဆုံးသူ ၁၆ဦးရဲ့အလောင်းတွေကို လေယာဉ်ပျက်ကတဲ့ နေရာမှာတွေ့ရတယ်လို့ သိရပါတယ်။
ထွက်ပေါ်လာတဲ့ ဗီဒီယိုများနှင့် ဓာတ်ပုံများအရ လေယာဉ်မီးလောင်ကာ ထွက်ပေါ်လာသည့် မီးခိုးများ၊ အပျက်အစီးများကို တွေ့ရပြီး၊ လေယာဉ်ဟာ မစ္စစပီမြစ်ဝှမ်းက ကွင်းပြင်ထဲကို ထိုးစိုက် ကျသွား တာဖြစ် တယ်လို့ သိရပါတယ်။
အမေရိကန်မရိန်းတပ်ကလည်း KC- 130 လေယာဉ်ဟာ ပျက်ကျသွားတယ်ဆိုတာကို ထုတ်ပြန်ခဲ့ပြီး၊ အဖြစ်အပျက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။
KC- 130 ကုန်တင်လေယာဉ်ဟာ လော့ခ်ဟိမာတင် ကုမ္ပဏီထုတ် အင်ဂျင်လေးလုံးတပ် လေယာဉ်ဖြစ် ပါတယ်။