သတင်းတို

ပြင်းအား ၆.၄ မဂ္ဂနီကျု့ရှိ ငလျင် ပါပူဝါ နယူးဂီနီကျွန်း၌ လှုပ်ခတ်

ပြင်းအား ၆.၄ မဂ္ဂနီကျု့ရှိ ငလျင်တခု ပါပူဝါ နယူးဂီနီ ကျွန်းကမ်းခြေကို ဗဟိုပြု ယနေ့လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကဆိုသည်။

ပါပူဝါ နယူးဂီနီ ကျွန်း၏ အရှေ့တောင်ဘက် နယူးအိုင်လင်းကမ်းခြေ ၃၈ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒေသစံတော်ချိန် ၃နာရီ ၃၀ မိနစ်မှာ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ဟာဝိုင်အီကျွန်းရှိ ပစ္စဖိတ် ဆူနာမီ သတိပေးဌာနက ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်းသိရသည်။

အဆိုပါ ငလျင်နှင့် ပတ်သက်၍ အပျက်အစီး အဆုံးအရှုံး ကြားသိခြင်းမရှိသေးပေ။

Loading