ထိုင်းနိုင်ငံ ချင်းမိုင် အပိုင် ဖန်ခရိုင်မှာ တိုက်ကြက် ၂ကောင်ရဲ့ စလုတ်အတွင်း ထည့်သွင်းကာ သယ်ဆောင်လာတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁၃၈၃ ပြားကို ရဲက ဖမ်းဆီးရမိခဲ့တယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။
အာဏာပိုင်တွေက မူးယစ်ဆေးဝါးတွေ သယ်လာမယ်ဆိုတာ သတင်းရလို့ စောင့်ဆိုင်းနေစဉ် ချုင်းမိုင်ဘက်ကို မောင်းနှင်လာတဲ့ ကားတစင်းကို ရပ်တန့်ရှာဖွေရာ ကြက် ၂ကောင်ရဲ့ စလုတ်တွေ အဆမတန်ကြီးထွားနေတာ ကြောင့် ရဲကမသင်္ကာတဲ့အတွက် ခွဲစိတ်ရှာဖွေရာမှာ ကွန်ဒုံအတွင်း ထည့်ထားတဲ့ မက်သာဖက်တမင်း စိတ်ကြွ ဆေးပြား အထုတ်တွေကို တွေ့ရတာဖြစ်ပါတယ်။
စိတ်ကြွဆေးပြားတွေကို အသက် ၂၉နှစ်အရွယ် ချန်ဝပ်ဆိုသူက ဖန်ခရိုင်ကနေ သယ်ယူလာတာဖြစ်ပြီး ချိုင်ယာဖမ်ကို သွားကာ သူ့ရဲ့ မူးယစ်ဆေးဝါး ဖောက်သည်တွေကို သွားရောက် ရောင်းချမယ်လို့ သိရပါတယ်။