သတင်းတို

ကရင်ဝန်ကြီးချုပ် ကားမတော်တဆမှု ဖြစ်ပွား၍ ခြေထောက်ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် စီးနင်းလာသည့် ကားသည် ယနေ့ နံနက် ၇ နာရီ၌ တိုက်ရော့ ပြုတ်၍ ကားမတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်သည် ခြေထောက်၌ အရိုးကျိုး ဒဏ်ရာ ရရှိ ခဲ့ပြီး လက်အဆစ်လည်း လွဲသွား၍ ဘားအံ ဆေးရုံ၌ ကုသမှု ခံယူနေရကြောင်း ကရင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ၏ ကိုယ်ရေး အရာရှိ ဖြစ်သူ စောဖိုးခွားမှ အတည်ပြု ပြောသည်။

“ကားက တိုက်ရော့ ပြုတ်သွားတယ်၊ မမှောက်သွားဘူး၊ လမ်းဘေး ကျသွားတယ်၊ မြောင်းထဲ ကျတာတော့ မဟုတ်ဘူး ၊ လမ်းအပြင်ဘက်ကို ထွက်သွားတယ်။ ဒဏ်ရာ အခြေအနေက မစိုးရိမ် ရပါဘူး၊ ခြေထောက် ကျိုးသွားတယ်၊ လက်အဆစ် လွဲသွားတယ်၊ ရန်ကုန် ကိုတော့ မပို့ရပါဘူး၊ ကရင်ပြည်နယ် ဆေးရုံမှာပဲ ကုသမှု ခံယူနေတယ်” ဟု စောဖိုးခွားက ပြောသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် တောင်ကလေး ဆရာတော်၏ ၅၇ နှစ်မြောက် ဝိဇာတ မင်္ဂလာ မွေးနေ့ပွဲ နှင့် ပါရမီ တံတား ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် အတွက် ဘားအံမြို့မှ ထွက်ခွာ လာစဉ် ဘားအံဂေါက်ကွင်း အနီးတွင် ယခု ကဲ့သို့ ယဉ်မတော် တဆမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ကားသည် လမ်းပေါ်၌ သွားလာနေသည့် အခြားယာဉ်များနှင့် လူများအား တိုက်မိခဲ့ခြင်း မရှိပဲ လမ်းဘေးသို့ ထိုးကျသွားကာ ကျွန်းပင်ကို တိုက်မိခဲ့၍ ဝန်ကြီးချုပ် ယခု ကဲ့သို့ ဒဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading