ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်ရှိ အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အသုံးပြုဖို့ ဘတ်စ်ကား အစီး ၁၀၀ကို တရုတ်နိုင်ငံက မနေ့ကလှူဒါန်းလိုက်ပါတယ်။
ဘတ်စ်ကား အသစ်တွေရဲ့တန်ဖိုးကိုတော့ ထုတ်ပြန်ကြေညာချင်းမရှိပေမယ့် တရုတ်နိုင်ငံ Zhengzhou Yutong ဘတ်စ်ကား ကုမ္ပဏီက ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ဖနွမ်းပင်မြို့တော် စည်ပင်က သယ်ယူပို့ဆောင်ရေး စနစ်ကို ပြန်လည်အသက်သွင်းပြီး ၃နှစ်အကြာမှာ တရုတ်က ဘတ်စ်ကားများ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
လတ်တလော မြို့တော်ဖနွမ်းပင်မှာ နေထိုင်သူ ၂.၅ သန်းရှိပြီး ၁.၅သန်းဟာ မော်တော်ဆိုင် ကယ်ကို အသုံးပြုကြသလို၊ ကား ၃သောင်းကျော်လည်း လမ်းမများပေါ်တွင် ပြေးဆွဲလျှက်ရှိတဲ့အတွက် သူတို့ရဲ့ လမ်းတွေဟာ ယာဉ်ကျောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
တရုတ်ဟာ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေး စီးပွားရေး အဓိက မဟာမိတ်ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က စပြီး တရုတ်က ဒေါ်လာသန်း ပေါင်းများစွာ ရင်းနှီးမြုပ်နှံနေတာဖြစ်ပါတယ်။
ဖနွမ်းပင်မြို့တော်ဝန် Khuong Sreng က ဘတ်စ်ကားများ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ ဒီလိုလှူဒါန်းမှုဟာ နှစ်နိုင်ငံအကြား အနီးကပ်ဆက်ဆံမှုကို ပြသတာဖြစ်ကြောင်း ဆိုသလို၊ ဒါဟာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှုကိုပါ လျော့ချနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် ဆင်းရဲသားများ အတွက် ခရီးသွားလာစရိတ်ကိုလည်း လျော့ချနိုင်တယ်လို့ ဆိုပါတယ်။