သတင်းတို

အလုံမြို့နယ်ရှိ လူသတ်မှုဖြစ်ပွားရာ နေရာ

ရန်ကုန်မြို့ အလုံမြို့နယ် စောရန်ပိုင်မြောက်ရပ်ကွက် အိမ်အမှတ် ၃၉၅၊ ၆ လွှာတွင် နေထိုင်သည့် ဖက်ရှင်ဒီဇိုင်နာ လုပ်ငန်း လုပ်ကိုင်သူ အသက် ၄၂ နှစ်အရွယ် အမျိုးသားတဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေပြီး တဦးမှာ တိုက်ပေါ်မှ ခုန်ချခဲ့ပြီး သေဆုံးသွားကြောင်း အလုံမြို့မရဲစခန်းမှ သိရသည်။

“တိုက်ထဲမှာ သေဆုံးသူက အမျိုးသားပါ။ ထိုးသွင်းဒဏ်ရာနဲ့ သေနေတာပါ။ ခုန်ချတဲ့သူလည်း အမျိုးသားပါ။ သူလည်း ဆုံးသွားပါပြီ။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲဖြစ်ပါတယ်။ သတင်းရတာကတော့ မနက် ၁၀ နာရီလောက်ပါ။ တိုက်ပေါ်က ခုန်ချသူရဲ့အသက်အရွယ်တော့ လောလောဆယ် မသိရသေးပါဘူး။ ” ဟု အလုံရဲစခန်းမှ တာဝန်ကျရဲအရာရှိက ဧရာဝတီသို့ ပြောသည်။

အဆိုပါ အမှုကို အလုံရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း သိရသည်။

Loading