အိန္ဒိယသည် မြန်မာ၏ ကာကွယ်ရေး အဆင့်မြှင့်မှုတွင် အင်တိုက်အားတိုက် မြှင့်တင်ရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် စစ်လက်နက်ပစ္စည်း ထောက်ပံ့ခြင်းမှသည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများထိ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ခြင်း၊ သံတမန်ရေးနှင့် စီးပွားရေး တိုးမြှင့်ခြင်းဖြင့် ၂ နိုင်ငံကြား ဆက်ဆံရေးကို လုပ်ဆောင်သွားမည်ဟု အိန္ဒိယသတင်းစာ The Times of India က ရေးသားလိုက်သည်။
အိန္ဒိယသို့ အလည်အပတ်ရောက်နေသော မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လက်ခံတွေ့ဆုံရာတွင် ဝန်ကြီးချုပ် နေရိန်ဒြာ မိုဒီက လတ်တလော ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နေစဉ် တချိန်တည်းမှာပင် မြန်မာနိုင်ငံသည် အိန္ဒိယ၏ Act East ပေါ်လစီအတွက် “သော့ချက်”ကျကြောင်း ပြောဆိုသည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၁၀ ရက် ကက်ရှ်မီးယားတောင်ကြားတွင် ဟိန္ဒူဘုရားဖူးများ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း ပြောပြီး ဝန်ကြီးချုပ် မိုဒီက ဇွန်လ ၇ ရက်နေ့ ပျက်ကျသွားသော တပ်မတော် လေယာဉ်တွင် ပါဝင်သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် ဝမ်းနည်းမိပါကြောင်း ပြောဆိုသည်ဟု သတင်းက ရေးသည်။
အိန္ဒိယနဲ့ ထဲထဲဝင်ဝင် ပေါင်းသင်းနေကြောင်း ပြသလိုက်တဲ့ ကာချုပ်ရဲ့ ခရီးစဉ်