• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

နိုင်ငံရေးအား လက်နက်ဖြင့်ဖြေရှင်းခြင်းကို သင်ခန်းစာယူကြဖို့ NLD သတိပေး

by ဧရာဝတီ
19 July 2017
in သတင်းတို
A A
နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီရုံးချုပ်တွင် ကျင်းပနေစဉ်

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီရုံးချုပ်တွင် ကျင်းပနေစဉ်

5.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရေးအား နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ဖြင့်ဖြေရှင်းခြင်းကြောင့် အာဇာနည် ခေါင်းဆောင်ကြီး များကျဆုံးခဲ့ရခြင်းကို သင်ခန်းစာယူကြဖို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ နာယက ဦးဉာဏ်ဝင်းက ယနေ့ကျရောက်သည့် နှစ် ၇၀ မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြောလိုက်သည်။

ဦးဉာဏ်ဝင်းက “ဒီနေ့ အမျိုးသားရင်ကြားစေ့ရေးလို့ ပြောတဲ့နေရာမှာ အာဏာကို လက်နက်နဲ့ မဟုတ် ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ယူရမှာပါ၊ အဲ့ဒါနဲ့ဆန့်ကျင်ဘက်လုပ်ခဲ့လို့ အာဇာနည်ခေါင်းဆောင်ကြီး တွေကျဆုံးခဲ့ရ တာပါ။ ဒါကို အစိုးရကော အားလုံက သင်ခန်းစာယူရမှာပါ”ဟု ပြောသည်။

RelatedPosts

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
2.1k
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
3.6k

ဗိုလ်ချုပ်ဆောင်ဆန်း ဦးဆောင်ကာ ၂၀ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားများနှင့် တောင်တန်းပြည်မ သွေးစည်းညီညွတ်ရေးရယူနိုင်ခဲ့ကာ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းနိုင်ခဲ့သော်လည်း အကြမ်းဖက် လူတစု၏ တိုက်ခိုက်မှုကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် အာဇာနည် ၉ ဦးကျဆုံးခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံနဲ့အများပြည်သူအတွက် လုံလုံလောက်လောက်မစဉ်းစားခဲ့တဲ့၊ နိုင်ငံရေး ထဲကို အကြမ်းဖက်မသမာတဲ့ နည်းလမ်းတွေ ဆွဲထည့်မှုကြောင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြရပါ တယ်” ဟု အာဇာနည်နေ့ဖြစ်စဉ်အပေါ် မှတ်ချက်ပြုလေသည်။

စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်ခဲ့စဉ် ကာလအတွင်း ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ကအနိုင်ရရှိခဲ့သော်လည်း အာဏာလွဲပြောင်းခြင်း မရှိခဲ့သည့်အပြင် အကြမ်းဖက်သူတစုက ဒီပဲယင်းဖြစ်ရပ်ကဲ့သို့ တိုက်ခိုက်မှုပြုလုပ်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

အကြမ်းဖက်နည်းလမ်းများဖြင့် ဖြေရှင်းမှုကြောင့် အာဇာနည်ခေါင်းဆောင်များအနေဖြင့် အသက်စွန့်ခဲ့ရ သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးရအပြီး ပြန်လည်တည် ဆောက်ရေးအတွေးအမြင်များ၊ ဆောင်ရွက်ချက်များသည် ယနေ့တိုင်ရှေ့ ဆောင်လမ်းပြဖြစ်နေဆဲဖြစ် ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရကာ အစိုးရဖွဲ့စည်းနိုင်ငံခဲ့သည့် NLD ပါတီအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အ ပြည့်အဝကိုင်တွယ်ထိန်းချုပ်နိုင်ခွင့်မရရှိဘဲ တပ်မတော်ကသာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ကိုင်တွယ်ထားပြီး လွှတ်တော်တွင်လည်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရယူထား ဆဲဖြစ်သည်။

ယခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ ၂၁ ရာစုပင်လုံအမည်ဖြင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်း သား လက်နက်ကိုင်များအကြား ငြိမ်ချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည် ဆောက်နိုင်ရေးကို နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ကြိုးပမ်းနေသော်လည်း ထိရောက်သည့် အောင်မြင်မှု မရရှိသေးပေ။

ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးနာကျင်ခါးသီးမှုများကို သမိုင်းသင်ခန်းစာအဖြစ်ခံယူရင်း အမျိုး သားပြန်လည်သင့်မြတ်ရေး၊ တန်းတူညီမျှရေးနှင့် ဒီမိုကရေစီစံချိန်စံညွန်းများနှင့်ကိုက်ညီသော ဖွဲ့စည်းပုံအ ခြေခံဥပဒေတရပ်ပေါ်ပေါက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန်လည်း NLD က တိုက်တွန်းခဲ့သည်။

ဧရာဝတီသတင်းထောက် ထွန်းထွန်း ပေးပို့သည်။

Your Thoughts …
Tags: အာဇာနည်နေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗိုလ်ချုပ်ကြီးနေဝင်း သမီး ဒေါ်ခင်စန္ဒာဝင်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် လက်ခံရယူစဉ်

စစ်ခေါင်းဆောင် အာဏာမြဲဖို့ ဆွေစဉ်မျိုးဆက် နိုင်ငံရေး အသုံးချ

by အုန်းညို
5 January 2023
10.3k

ဒီလို တွေ့ဆုံမှုတွေဟာ စစ်ကောင်စီအတွက်၊ အထူးသဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်အတွက်တော့ အာဏာတည်မြဲခိုင်ခံ့ရေးအတွက် ကစားကွက်တကွက်လည်း ဖြစ်နေနိုင်ပါတယ်။

၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀နာရီ ၃၇မိနစ်တွင် မသမာသူတို့၏ လုပ်ကြံခြင်းကို ခံရပြီး ကွယ်လွန်ခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများ

မမေ့နိုင်တဲ့ ၁၉ ဇူလိုင်

by ဧရာဝတီ
19 July 2022
8k

၁၉၃၇ တို့ဗမာ အစည်းအရုံး အမှုဆောင်ဖြစ်လာပြီး သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ဝင်ရွေးခံ၍ ဥပဒေပြု လွှတ်တော်သို့ ဝင်ခဲ့သည်။ ၁၉၃၈ ခု ဒီဇင်ဘာ ၂၀ ရက် အတွင်းဝန်ရုံး ဝိုင်းသည့် သပိတ်တွင် ကျောင်းသား များ...

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ

by ဧရာဝတီ
3 August 2023
851

နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို အဆိုပါနေ့မှ စတင်၍ ယနေ့အထိ တိုက်ပိတ်ထားကြောင်း သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

အာဇာနည်နေ့ လှုပ်ရှားမှုလုပ်သည့် နိုင်/ကျဉ်း ၁၇ ဦးကို ဆက်လက်တိုက်ပိတ်ထား

အာဇာနည်နေ့ လှုပ်ရှားမှုလုပ်သည့် နိုင်/ကျဉ်း ၁၇ ဦးကို ဆက်လက်တိုက်ပိတ်ထား

by ဧရာဝတီ
16 August 2023
459

ပဲခူးတိုင်း သာယာဝတီထောင်တွင်း အာဇာနည်နေ့ အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သဖြင့် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအနက် ၁၇ ဦးမှာ ယနေ့တိုင် တိုက်ပိတ်ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

အာဇာနည်နေ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်  / ဧရာဝတီ

အောက်မေ့ဖွယ်ရာ အထိမ်းအမှတ် အာဇာနည်နေ့ အကြောင်း

by ညီညီသူ
19 July 2019
10.1k

လုပ်ကြံခဲ့ကြတဲ့ လူတစုဟာ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင် တပ်ရင်း အမှတ်တံဆိပ် တပ်ဆင်ထားတဲ့ စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားပြီး ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်အချို့ကို ပစ်ခတ် လုပ်ကြံခဲ့ကြတာပါ။

၂၀၁၈ ခုနှစ် အာဇာနည်နေ့တွင် အရပ်သားပြည်သူများ အာဇာနည်ကုန်းသို့ လာရောက် အလေးပြုကြစဉ် / ဧရာဝတီ

အာဇာနည်နေ့ကို စစ်ခေါင်းဆောင်က မည်သည့်အတွက် အလေးမထားသနည်း

by ဧရာဝတီ
19 July 2022
16.7k

ယနေ့ ဇူလိုင် ၁၉ အာဇာနည်ကုန်းတွင် စိုးဝင်းလာရောက်ပြီး ပန်းခွေချအလေးပြုသွားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေး ရုပ်မြင်သံကြားလိုင်းများက ထုတ်လွှင့်ခဲ့ကြသည်။

Next Post

မန္တလေးမြို့က မန္တလာသီရိအားကစားကွင်းနှင့် ဗိုလ်ချုပ်ရင်ပြင်တို့မှာ ကျင်းပခဲ့တဲ့ နှစ် ၇၀ပြည့် အာဇာနည်နေ့အခမ်းအနားမြင်ကွင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရေးနှင့် အသစ်ရေးဆွဲရန် နိုင်ငံရေးအဖွဲ့များ ဆောင်ရွက်မည်  /  ဖေသက်ထက်ခင် / ဧရာဝတီ

အခြေခံ ဥပဒေ ဖျက်သိမ်းရေး အစိုးရကို စွဲဆိုမှု ခရိုင် တရားရုံး ပယ်ချ

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate