မန္တလေးတိုင်းဒေသကြီးရှိ အစိုးရဌာန ၇၀ မှ အများပြည်သူနှင့်ဆိုင်သော လုပ်ငန်းအချက်အလက်များကို ပြည်သူလူထု သိရှိနိုင်ရန် e-Mandalay web portal ကို ယနေ့မှ စ၍ လွှင့်တင်ကြောင်း သိရသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့ရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၅ ခု လက်အောက်ရှိ ဌာန ၇၀ တို့မှ အများပြည်သူနှင့်ဆိုင်သော အချက် အလက်များကို ဖော်ပြထားရှိမည်ဖြစ်ပြီး ကျန်သည့် ဝန်ကြီးဌာနဆိုင်ရာ အချက်အလက်များကိုလည်း ယခုနှစ်အတွင်း အပြီးထည့်သွင်းမည်ဟု ၎င်းကဏ္ဍကို တာဝန်ယူထားသည့် တိုင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောသည်။
e-Mandalay web portal ကို ကွန်ပျုတာဖြင့်သာမက ဖုန်းဖြင့်ကြည့်ရှုနိုင်ရန် ဖုန်းအပလီကေးရှင်း အဖြစ် ဆောင်ရွက် ထားကြောင်း၊ www.emandalay.gov.mm၊ e- Mandalay App ကို Google play store တွင် ဒေါင်းလော့ဒ်လုပ်၍ ဝင်ရောက်ကြည့်ရှု နိုင်ပြီး ဖြစ်ကြောင်း သိရသည်။