သတင်းတို

မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးသွားများအား ပြင်းထန်တုပ်ကွေး သတိပေးချက် ထုတ်ပြန်

မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးသွားများ အနေဖြင့် မသွားရောက်မီ မိမိတို့၏ ဆရာဝန်များနှင့် တွေ့ဆုံဆက်သွယ်သင့်သည်ဟု နိုင်ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာနက သတိပေးထားကြောင်း travelweekly.co.uk တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရာသီပေါ် တုပ်ကွေးရောဂါ (A/ H1N1 ဗိုင်းရပ်စ်) ကူးစက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီးနောက် နိုင်ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာန၏ ယင်း သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာ တနိုင်ငံလုံးတွင် ဇူလိုင် ၂၇ ရက်နေ့ အထိ လူပေါင်း ၂၀ ကျော် H1N1 ရောဂါကူးစက်ခံရပြီး၊ ရန်ကုန်တွင် ပြည်သူ့ဆေးရုံကြီးတွင် ၃ ဦး၊ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ၂ ဦး၊ ချင်းပြည်နယ် မတူပီတွင် ၁ ဦး၊ စုစုပေါင်း ၆ ဦး ယင်းကူးစက်ရောဂါဖြင့် သေဆုံးခဲ့သည်။

၂၀၀၉ ခုနှစ်က မက္ကဆီကိုတွင် ပထမဆုံး တွေ့ရှိခဲ့သည့် ယင်း ကူးစက်ရောဂါကို H1N1 ဗိုင်းရပ်စ် အဖြစ် ဖော်ထုတ် သတ်မှတ်နိုင်ခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကမ္ဘာတဝှမ်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။ မြန်မာနိုင်ငံတွင် ယင်းဗိုင်းရပ်စ်ကို ၂၀၀၉-၂၀၁၀ အတွင်း တွေ့ရှိခဲ့ရသည်။

 

Loading