ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသည့် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခဲ့သော်လည်း ယနေ့တွင် မဟာအောင်မြေမြို့နယ် တရားရုံးက အာမခံ ပေးလိုက်ကြောင်း သိရသည်။
ကိုဆွေဝင်းသည် ဘန်ကောက်မြို့ရှိ Myanmar Now ရုံးချုပ်ထံ လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးရန် သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ယမန်နေ့ညက ဖမ်းဆီးခံရပြီးနောက် မင်္ဂလာဒုံမြို့မ ရဲစခန်းမှ တဆင့် မန္တလေး မဟာအောင်မြေ မြို့နယ် အမှတ် (၇) ရဲစခန်း သို့ လွဲှပြောင်းထားခြင်းဖြစ်ပြီး ယနေ့တွင် အာမခံ ရရှိခြင်း ဖြစ်သည်။
ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက် နေ့ကတည်းက အမှုဖွင့်ထားခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်လင့်ခ်- Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အဖမ်းခံရ