သတင်းတို

H1N1 လူနာ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၂ ဦးရှိလာ

Seasonal Influenza A (H1N1) pdm 09 Positive ကြောင့် ယနေ့ ဇူလိုင် ၃၁ ရက်တွင် လူနာ ၂ ဦး ထပ်မံ သေဆုံးသွားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်

သေဆုံးသူ ၂ ဦးမှာ မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံတွင် တက်ရောက်ကုသနေသည့် ဧရာဝတီတိုင်းမှ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးနှင့် ရန်ကင်း ကလေးဆေးရုံမှ အသက် ၂ နှစ် ၇ လ အရွယ် ယောင်္ကျားလေး တဦး ဖြစ်သည်။

H1N1 ကြောင့် သေဆုံးသူ ဦးရေမှာ ယနေ့ ဇူလိုင် ၃၁ ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ၆ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃ ဦးနှင့် မွန်ပြည်နယ်တွင် ၁ ဦး ရှိပြီဖြစ်ရာ စုစုပေါင်း ၁၂ ဦးရှိပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) သံသယရှိသည့် လူနာ ၂၁၃ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း ၆၂ ဦး နှင့် သေဆုံးသူ ၁၂ ဦးအထိ ရှိပြီဖြစ်သည်။

Loading