သတင်းတို

အမေရိကန်ရဲ့ ဒဏ်ခတ်မှု သံဝန်ထမ်းနှင်ထုတ်ခြင်းဖြင့် ရုရှားတုံ့ပြန်

အမေရိကန်ရဲ့ အသစ်ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် သံဝန်ထမ်း ၇၅၅ ဦးကို ရုရှားကနေ ထွက်ခွာဖို့ သမ္မတ ဗလာဒီမာပူတင်က မနေ့က ပြောလိုက်ပါတယ်။

Rossiya 1 ရုပ်မြင်သံကြားဌာနရဲ့တွေ့ဆုံ မေးမြန်းခန်းမှာ သမ္မတ ပူတင်က ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

သမ္မတပူတင်က “ အရေးကြီးတဲ့ အချက်ကို ပြောရရင် အမေရိကန်နဲ့ ရုရှားဆက်ဆံရေးကို ထိခိုက် တာကလွဲလို့ ဘာမှဖြစ်မလာနိုင်တဲ့ လုပ်ရပ်တခုကို အမေရိကန်ဘက်က လုပ်လိုက်တယ်၊ အဲဒီလုပ်ရပ် မှာ ဥပဒေနဲ့ မညီတဲ့ ကန့်သတ်မှုတွေ၊ ကျနော်တို့ရဲ့ မဟာမိတ်တွေ၊ ကျနော်တို့နဲ့ ဆက်ဆံရေး တိုး တက်ချင်တဲ့ နိုင်ငံတွေကို သြဇာလွှမ်းမိုးဖို့ ကြိုးစားလာတာကို တွေ့ရတယ်” လို့ ပြောကြားလိုက်ပါ တယ်။

အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက အနိုင်ရအောင် နှောက်ယှက်မှုတွေ ပေးခဲ့တယ်လို့ဆိုကာ အမေရိကန် ကွန်ကရက်လွှတ်တော်က ရုရှား အပါအဝင် အီရန်၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေကို ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်သံဝန်ထမ် ၁ထောင်ကျော်ဟာ ရုရှားမှာ လက်ရှိအလုပ်လုပ်ကိုင်လျှက်ရှိပြီး၊ ဝန်ထမ်း ၇၇၅ ဦးကို စက်တင်ဘာ ၁ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

အဲဒီလို လျော့ချလိုက်တဲ့အတွက် ရုရှား နဲ့ အမေရိကန်အကြား အလုပ်လုပ်ကိုင်နေတဲ သံဝန်ထမ်း အရေအတွက် ၄၄၅ဦးစီ ညီမျှသွားမယ်လို့ သိရပါတယ်။

သမ္မတပူတင်က “ အကောင်းဘက်ကို ပြောင်းလာမလားလို့ ကျနော်တို့ စောင့်နေပေမယ့် အခြေအနေ ကတော့ မဝေးတဲ့ အနာဂတ်အထိ ပြောင်းမယ်ပုံမပေါ်ဘူး၊ ဒီအချိန်မှာတော့ ကျနော်တို့ဘက်က မတုံ့ပြန်လို့မရဘူး၊ အချိန်ရောက်ပြီလို့ ကျနော်ဆုံးဖြတ်လိုက်တာ”လို့ ဆက်ပြောပါတယ်။

Loading