ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်တွင် မွေးမြူထားသည့် ကြက်များသေဆုံးမှုကို မော်လီကြူလာနည်းဖြင့် စစ်ဆေးခဲ့ရာ Influenza Type A/ H5N1 Positive ဖြစ်ကြောင်း ဇွန် ၂၉ ရက်က အတည်ပြုလိုက်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇွန် ၃၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
သို့ဖြစ်ရာ ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရန် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်ပါ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေကြောင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကြက်၊ ငှက်များတွင် သာမက လူသို့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု မရှိစေရန် သက်ဆိုင်ရာ ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာသင့်ကြောင်း သိရသည်။
H5N1 positice သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ် ရပ်ကွက်ရှိ ကြက်မွေးမြူ ရေး ခြံတွင်လည်း ကျရောက်ခဲ့ကြောင်း ဇွန် ၂၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ စတင် ဖြစ်ပွားခဲ့ရာ ၂၀၁၆ ခုနှစ် အထိ စုစုပေါင်း ၈ ကြိမ် ကျရောက်ခဲ့ပြီး ဖြစ်သည်။