တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး မစ္စတာ ဆောင်းတောင်သည် သြဂုတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံကို ရောက်ရှိမည် ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်အချို့နှင့် နေပြည်တော်သို့ လာရောက် တွေ့ဆုံဖွယ် ရှိကြောင်း သတင်းရရှိသည်။
ယခင်နှစ် သြဂုတ်လအတွင်း မစ္စတာ ဆောင်းတောင်၏ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးသန်းရွှေ၊ ဦးရွှေမန်း၊ NLD ပါတီမှ ဦးဝင်းထိန်နှင့် USDP ပါတီ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံခဲ့သည်ဟု တရုတ်သံရုံးက တရားဝင် သတင်း ထုတ်ပြန်ခဲ့ သည်။
ယခုခရီးစဉ်ကို အစိုးရက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိဘဲ ခရီးစဉ် ပြီးဆုံးမှသာ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိမ့်မည် ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း မြစ်ဆုံကိစ္စ၊ ကျောက်ဖြူစီမံကိန်းနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေးဖွယ် ရှိကြောင်း၊ ယခုတခေါက်တွင်းလည်း အစိုးရ အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံဖွယ်ရှိကြောင်း နေပြည်တော် အသိုင်းအဝိုင်းမှ သိရသည်။
အစိုးရသစ်ကို တရုတ်ကူညီလို့ ဦးသန်းရွှေ ကျေးဇူးတင်