သတင်းတို

ပထမဆုံးပင်လယ်ရပ်ခြား တရုတ်ရေတပ်စခန်း ဂျီဘူတီ မှာဖွင့်လှစ်

တရုတ်နိုင်ငံရဲ့ ပထမဆုံး ပင်လယ်ရပ်ခြား ရေတပ်စခန်းကို အာဖရိကတိုက် အရှေ့ပိုင်းက ဂျီဘူတီ နိုငငံမှာ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ်နေ့ မှာ ပြုလုပ်တဲ့ ဖွင့်ပွဲကို တရုတ် စစ်သင်္ဘောအုပ်စု ၅စုနဲ့ ဂျီဘူတီ ဂုဏ်ပြုတပ်ဖွဲ့တွေက နေရာယူဖွင့် လှစ် ခဲ့တာဖြစ်ပြီး၊ တရုတ်ရေတပ် ဒုစစ်ဦးစီးချုပ် Tian Zhong နဲ့ ဂျီဘူတီ ကာကွယ်ရေး ဝန်ကြီး အပါအဝင် လူ ၃၀၀ ကျော် လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်ကတော့ ရေတပ်စခန်းဆိုတာထက် ထောက်ပံပစ္စည်း စခန်းလို့ ရည်ညွန်းပြီး၊ ဆိုမာလီနဲ့ ယီမင် ကမ်းရိုးတန်းတလျှောက် လှုပ်ရှားနေတဲ့ ပင်လယ်ဓမြများရန်ကနေ ကာကွယ်ရေးနေတဲ့ တရုတ် ကင်းလှည့် စစ်သင်္ဘောတွေ ရပ်နားရာနေရာနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာတဲ့ အထောက်အကူပြု စစ်ဆင်ရေးတွေနဲ့ ရေတပ်စစ်ရေးလေ့ကျင်မှုတွေမှာ သုံးမယ်လို့ People Daily သတင်းကဆိုပါတယ်။

ဂျီဘူတီမှ တရုတ်ရေတပ်သင်္ဘော
Global Look Press

ပြီးခဲ့တဲ့ ဇူလိုင်လ စောစောပိုင်းကတည်းက ရေတပ်သားတွေကို တရုတ်ရေတပ်သင်္ဘောတွေနဲ့ တရုတ်ပြည်မကြီးကနေ ဂျီဘူတီကို ပို့ဆောင်နေတာဖြစ်ပါတယ်။

ဒီနှစ်အတွင်း တရုတ်ရေတပ်ကို တိုးချဲ့လာရာ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကို ရေချခဲ့သလို လာမည့်နှစ်အတွင်း တတိယမြောက် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကို ထုတ်လုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။

အလားတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ နှစ် ၉၀မြောက် စစ်ရေးပြအခမ်း အနားမှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ သမ္မတ ရှီကျင့်ဖျင်က တရုတ်ရေတပ်အနေနဲ့ နိုင်ငံရဲ့ ကမ်းရိုးတန်းတွေနဲ့ ရေပိုင်နက်ကို သာမက အိန္ဒိယသမုဒ္ဒရာအပါအဝင် အာဖရိက မဟာမိတ်နိုင်ငံတွေမှာရှိတဲ့ စခန်းတွေကို ကာကွယ်မယ်လို့ ဆိုသွားပါတယ်။

Loading