သတင်းတို

မောင်တောတွင် အရပ်သား ၆ ဦး အသတ်ခံရပြီး ၂ ဦးပျောက်ဆုံးနေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာ သား ၆ ဦး အသတ်ခံရပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို) ရွာ အနောက်ဘက်၌ သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် သေနတ်သံများကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ကိုင်းကြီးကျေးရွာသား ၆ ဦး၏ အလောင်းများအား တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ၂ ဦး ပျောက်ဆုံးလျက်ရှိသည် ဟုဆိုသည်။

အဆိုပါ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အစွန်းရောက် အကြမ်းဖက်များအား ပိတ်ဆို့ရှာဖွေ လိုက်လံရှင်းလင်း လျက်ရှိသည်ဟုဆိုသည်။

သေဆုံးသူ ၆ ဦးအနက် ကုန်ဝိုင်း(၂၅) နှစ် (ဘ) ဦးစံထွန်း၊ လင်းကြတ်( ၂၉)နှစ် (ဘ)မာန်ဒိုင်းတို့မှာ မှောက်လျက် သေဆုံးနေသည်ကို တွေ့ရပြီး ဦးကိုင်းမွှေး(၂၅)နှစ် (ဘ) ဦးတင် ဝိုင်း၊ ဒေါ်ဆိန်ရာ (၃၈)နှစ် (ဘ) ဦးပါရာ၊ ဒေါ်ရီ(၂၅)နှစ် (ဘ)ဦးရှိန်တောင်၊ ဒေါ်ထီးကော် (၂၅)နှစ် (ဘ) ဦးရိုင်ရုံး တို့မှာ ပြတ်ရှ ဒဏ်ရာများနှင့် သေဆုံးနေခြင်းဖြစ် သည်ဟု ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးလျက်ရှိသည့် မြိုတိုင်းရင်းသား ၂ ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်း၊ အပြစ်မဲ့ မြိုတိုင်းရင်းသားများအား အကြောင်းမဲ့ သတ်ဖြတ်သွား သည့် အစွန်းရောက် အကြမ်းဖက်သမားများအား ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်း ခြင်းများ ဆောင်ရွက် လျက်ရှိသည်ဟု လည်း ဖော်ပြထားသည်။

အင်္ဂါလီအကြမ်းဖက် အဖွဲ့များက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ရှိ နယ်ခြားစောင့် ရဲစခန်းများကို အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ အချိန်ထိ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားနေလျှက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading