သတင်းတို

ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံ ပယ်ချခံရ

Want create site? Find Free WordPress Themes and plugins.

မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် သီပေါမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ဧရာဝတီသတင်းဌာန သတင်းထောက် ဦးသိန်းဇော် (လဝီဝမ်)၊ DVB သတင်းဌာန သတင်းထောက် ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင် တို့၏ အာမခံလျှောက်ထားမှု ကို ယနေ့ ပြုလုပ်သည့် ရုံးချိန်းတွင် တရားသူကြီးက ပယ်ချလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံ သတင်းသမား ၃ ဦးအပါအဝင် ၆ ဦးသည် ဇူလိုင် ၂၈ ရက်နေ့က ပြုလုပ်သည့် ရုံးချိန်းတွင် ၎င်းတို့၏ ရှေ့နေများက အာမခံရရှိရေး လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားပြုလုပ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA စခန်းသို့ သတင်းသွားရောက် ရယူခဲ့သည့် သတင်းသမား ၃ ဦး အပါအဝင် တပ်မတော်က ဖမ်းဆီးခဲ့သူ ၆ ဦးကို ယနေ့ မနက်ပိုင်းက သီပေါမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အာမခံပယ်ချခံရသည့် အကြောင်းအရင်း အသေးစိတ် ဆက်လက် ဖော်ပြပါမည်။

Did you find apk for android? You can find new Free Android Games and apps.
Loading