သတင်းတို

မလေးရှား အကြမ်းဖက်မှု နှိမ်နင်းရေး လူ ၄၀၀ကျော်ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ဆင်ရေးတွေ လုပ်ဆောင်နေရာမှာ ယနေ့နံနက် ပိုင်းအထိ လူပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီးထားပြီး အများစုဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံသားများဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး မလေးရှားအာဏာပိုင်တွေက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီး အထောက်အထား၊ နိုင်ငံကူးလက်မှတ်နဲ့ မရှိသူတွေ၊ လက်မှတ်အတုကိုင်ဆောင်သူတွေကို ဖမ်းဆီးတာဖြစ်သလို၊ လာမည့် သြဂုတ်လ ၁၉ ရက်နေ့ မြို့တော် ကွာလာလမ်ပူမှာ ကျင်းပမယ့် ၂၉ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများ အားကစားပွဲ(ဆီးဂိမ်း)အတွင်း အကြမ်းဖက်မှု တစုံတရာမဖြစ်အောင် ကာကွယ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မလေးရှား ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဌာနမှ အရွတ်ဘ် ခန်း မီဒင် ပီချေးကတော့ ထိန်းသိမ်းထားသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိမရှိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဆိုပါတယ်။

Loading