သတင်းတို

အမေရိကန်ရဲ့ ဂူအမ်ကျွန်းကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယား စဉ်းစားနေ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို မီးကုန်ယမ်းကုန် တုံ့ပြန် မယ်လို့ ပြောဆိုအပြီး မြောက်ကိုရီးယားကလည်း သူတို့အနေနဲ့ အမေရိကန်ရဲ့ မဟာဗျူဟာကျတဲ့ ဂူအမ်ကျွန်း စစ်စခန်းကို တာလတ်ပစ် ဒုံးပျံနဲ့ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့ အစိုးရ သတင်းဌာန KCNA ကဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနျူက လီးယားလက်နက်ကိစ္စ အပေါ် အရေးယူ ပိတ်ဆို့မှုအသစ်တွေ ချမှတ်အပြီး၊ အမေရိကန်သမ္မတက ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်း ဆောင်ဟာ မကြုံစဖူး အလွန်အမင်း ခြိမ်းခြောက်နေကြောင်း၊ ဒါကြောင့် မီးကုန်ယမ်းကုန် တုံ့ပြန်သွား မှာဖြစ်တယ်လို့ ဆိုလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် ပြုံးယမ်းအနေနဲ့ အခုအခါမှာ အမေရိကန်ရဲ့ ဂူအမ်ကျွန်းတဝိုက်ကို Hwasong -12 တာလတ်ပစ်ဒုံးပျံနဲ့ ပစ်ခတ်ရေး မဟာဗျူဟာကို သုံးသပ်နေပြီး၊ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက နောက်ဆုံး ဆုံးဖြတ်ချမှတ်ပေးမယ် လို့ KCNA က ဆိုပါတယ်။

မကြာသေးမီက အမေရိကန်သတင်းစာတွေမှာ မြောက်ကိုရီးယားဟာ သေးငယ်တဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံတွေကို အောင်မြင်စွာ ပစ်လွှတ်နိုင်ပြီဖြစ်ကြောာင်း ရေးသားခဲ့သလို၊ ထောက်လှမ်းရေး သတင်းတွေအရလည်း မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးပျံပစ်လွှတ်နိုင်တယ်လို့ သတင်းရထားတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားဝန်ကြီး ရက်ဇ်တဲလားဆွန်းက မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ လိုလားကြောင်း၊ သူတို့အနေနဲ့ မြောက်ကိုရီးယားကို ကျူးကျော်မှာ မဟုတ်သလို၊ အစိုးရဖြုတ်ချရေးကိုလည်း လုပ်ဆောင်တာမဟုတ်လို့ သတင်းသမားနဲ့ တွေ့ဆုံစဉ် ပြောဆိုဖူးပါတယ်။

ဒါပေမယ့် မကြာသေးမီက ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံရာမှာ မြောက်ကိုရီးယားနဲ့ အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုကို ဖြတ်တောက်ဖို့ နဲ့ သံတမန်ရေးဖိအားပေးဖို့တွေ လုပ်ဆောင်ဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းနေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading