သတင်းတို

ဓားထိုးမှုဖြင့် မြန်မာကျောင်းသားတဦး တိုကျိုမြို့တွင် အဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အသက် ၂၈နှစ်အရွယ်ရှိ မြန်မာကျောင်းသားတဦးကို ရည်းစားဟောင်းအား ဓားဖြင့်ထိုးသတ်ရန် ကြံစည်မှုဖြင့် တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဂျပန် Mainichi သတင်းက ဆိုပါတယ်။

ပြီးခဲ့သည့် တနင်္လာနေ့ နံနက် ၆နာရီ ၄၅ မိနစ်ခန့်က တိုကျိုမြို့လယ် JR တိုကျိုဘူတာရုံအနီးရှိ လမ်း ပေါ်တွင် ၂၆ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးတဦး နောက်ကျောကို မီးဖိုချောင်သုံးဓားဖြင့် အထိုးခံခဲ့ရ ကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ငြိမ်းချမ်းအောင်ဆိုသူ မြန်မာအမျိုးသားတဦးကို အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကလည်း ထိုအမှုနှင့် ပတ်သက်ပြီး ဝန်ခံခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့ ဆိုပါတယ်။

အဆိုပါ မြန်မာအမျိုးသား ကိုငြိမ်းချမ်းအောင်မှာ မည်သည့်ကျောင်းတွင် တက်ရောက်နေသည်ကိုမူ ဖော်ပြခြင်းမရှိပေ။

ဓားထိုးခံရသည့် မြန်မာအမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ပျောက်ကင်းဖို့ တလခန့် ဆေးကုသရမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ကိုငြိမ်းချမ်းအောင်တို့ဟာ ၂၀၁၂ခုနှစ်မှာ သိကျွမ်းခဲ့ပြီး သမီးရည်းစားဖြစ်ကာ ၂၀၁၆ခုနှစ် ဧပြီလမှာ ပြတ်စဲခဲ့သော်လည်း ကိုငြိမ်းချမ်းအောင်က Facebook မှ တဆင့်နှောက် ယှက်ခဲ့ကြောင်း၊ ထို့အတွက် အမျိုးသမီးက တိုကျိုမြို့ ရှင်ဂျုကု ရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း၊ ရဲက ကိုငြိမ်းချမ်းအောင်ကို နှုတ်ဖြင့် သတိပေးခဲ့ပြီးနောက် နှောက်ယှက်မှုကို ရပ်ဆိုင်းခဲ့သော်လည်း နောက်ပိုင်းမှာ ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း မိုင်နီချိ သတင်းကဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading