သတင်းတို

ဂူအမ်ကျွန်းကို တိုက်ခိုက်မယ့် မြောက်ကိုရီးယားအစီအစဉ် မကြာမီအသင့်ဖြစ်မယ်

မြောက်ကိုရီးယားရဲ့ ဂူအမ်ကျွန်းကို တိုက်ခိုက်မယ့် အစီအစဉ်ဟာ ယခုလလယ်မှာ အဆင်သင့်ဖြစ် နေမှာဖြစ်ပြီး ဒီအစီအစဉ်မှာ ဂျပန်နိုင်ငံပေါ်ကနေ ဒုံးပျံတွေ ပျံသန်းကာ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ယနေ့ပြောဆိုပါတယ်။

ဒီအစီအစဉ်မှာ Hwasong 12 တာလတ်ပစ် ဒုံးပျံ ၄စင်းဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမား၊ ရှီမာနီးနဲ့ ကိုအီချိ နယ်မြေတွေပေါ်ကနေ ဖြတ်ကာ အနီးဆုံးဖြစ်တဲ့ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ပစ်ခတ်မှာဖြစ်ပြီး၊ အသေးစိတ်ကို ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက အခုလအလယ်မှာ တင်ပြသွားမယ်လို့ မြောက်ကိုရီး ယားတပ်မတော် မဟာဗျူဌာနချုပ်မှ ဗိုလ်ချုပ်ကြီး Kim Rak- gyom ကဆိုပါတယ်။

သူတို့ပစ်လွှတ်လိုက်တဲ့ ဒုံးပျံတွေဟာ ၁၀၆၅ စက္ကန့်မှာ ၂၀၈၅.၈ မိုင်နှုန်း ပျံသန်းမှာဖြစ်ပြီး၊ ဂူအမ်ကျွန်း နဲ့ ကီလိုမီတာ ၃၀နှင့် ၄၀ အကွာမှာ တိုက်ခိုက်မှုတွေ စတင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ပြောဆိုမှုဟာ မနေ့က တရားဝင်ထုတ်ဖော်ပြောလိုက်ခြင်းဖြစ်ပြီး၊ အဲဒီမတိုင်ခင်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို သည်းခံတော့မှာမဟုတ်ပဲ မီးကုန်ယမ်းကုန် တုံ့ပြန်သွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား ရဲ့ တင်းမာမှုဟာ သမ္မတသစ်ဒေါ်နယ်ထရမ့်ရဲ့ လက်ထက်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာရာ ပထမအကြိမ်က အမေရိကန်လေယာဉ်တင် သင်္ဘော အုပ်စုကို ကိုရီးယားကျွန်းဆွယ်သို့ စေလွှတ်ကာ အင်အားပြခဲ့ပါသေးတယ်။

ယခုမြောက်ကိုရီးယားရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက် တစ်က မြောက်ကိုရီးယားအနေနဲ့ စစ်ပွဲကို စတင်မယ်ဆိုရင် အရှုံးနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုလိုက် ပြိး၊ အမေရိကန်နဲ့ မဟာမိတ်တွေဟာ သူတို့နိုင်ရမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

အလားတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တဲလားဆွန်းကလည်း အမေရိကန်ပြည်သူတွေ အနေနဲ့ ကောင်းမွန်စွာ အိပ်စက်ဖို့၊ စိုးရိမ်မှုတွေ မရှိဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါပေမယ့် အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွေအရတော့ မြောက်ကိုရီးယား ဟာ နျူကလီး ယား ထိပ်ဖူးတပ် ဒုံးပျံတွေ ပစ်လွှတ်နိုုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ဆိုပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ အပြန်အလှန်ခြိမ်းခြောက်မှုတွေကြောင့် ပင်တာဂွန်ရဲ့ အဓိက လက်နက်ထုတ်လုပ်ထောက်ပံနေတဲ့ လော့ခ်ဟိမာတင် ကုမ္ပဏီကြီးကတော့ သူ့ရဲ့ ဖောက်သည်တွေ ဟာ ဒုံးပျံကာကွယ်ရေး စနစ်ကို ပိုမိုမှာယူနေတဲ့အတွက် ထုတ်လုပ်မှု မြှင်ထားတယ်လို့ ဆိုပါတယ်။

Loading