သတင်းတို

ထိုင်းရောက် ရွေ့ပြောင်းကလေးငယ်များ မြန်မာစာများ သင်ကြားနိုင်ရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

 

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များရဲ့ပညာရေးနှင့် ပတ်သက်၍ မိခင်ယဉ်ကျေးမှုနဲ့ ဘာသာစကားကို အခြေခံတဲ့ မြန်မာစာသင်ရိုးညွှန်းတန်းနှင့် ဆရာ ဆရာမများ ငှားရမ်း ရေးအတွက် ထိုင်းနှင့် မြန်မာပညာရေး ဝန်ကြီးဌာနတို့ ကနဦး သဘောတူညီချက် လက်မှတ်ရေး ထိုးလိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။

ထိုသို့သဘောတူညီခြင်းမှာ မြန်မာရွေ့ပြောင်းကလေးငယ်များ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်သည်အခါ အဆင်ပြေစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထိုင်း ပညာရေးဝန်ကြီး တီရာကီယတ် ဂျာရီအွန် ဆက်သဆင်၏ အဆိုအရ ပြီးခဲ့တဲ့လအတွင်းက ထိုင်း နိုင်ငံရှိ မြန်မာရွေ့ပြောင်း ကလေးငယ်များ အတွက် မြန်မာစာ သင်ရိုးညွှန် တမ်းများ သင်ကြားနိုင်ရေး နှင့် ဆရာဆရာမများ ပို့ဆောင်ပေးဖို့ မြန်မာပညာရေးဝန်ကြီးမှ ကမ်းလှမ်းခဲ့ တာဖြစ်တယ်လို့ သိရပါ တယ်။

လက်ရှိ မြန်မာအစိုးရဟာ ဒီကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါမှာ မိခင်ဘာသာစကား မတတ်မှာကို စိုးရိမ်နေတဲ့အတွက် မြန်မာယဉ်ကျေးမှုနဲ့ သမိုင်းကို သင်ပေးဖို့ အကူအညီတောင်းတာကြောင့် ထိုင်းပညာရေးဘက်က ကူညီတာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရအနေနဲ့လည်း လိုလိုလားလား ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပြီး၊ ဒါမှသာ မြန်မာရွေ့ပြောင်း ကလေးများ အိမ်ပြန်ပါက မြန်မာစာတတ်မြောက်တဲ့ အကျိုးကျေးဇူး ခံစားရမှာဖြစ် တယ်လို့ ဆိုပါ တယ်။

“ဒီအစီအစဉ်ဟာ မြန်မာကလေးငယ်တွေ အိမ်ပြန်ခဲ့ရင် ပြည်တွင်းမျာရှိတဲ့ လုပ်သားဈေး ကွက်ကို လည်း ဖြည့်ဆည်းပေးရာရောက်မှာဖြစ်ပြီး တကယ်လို့ သူတို့တွေဟာ မိခင်ဘာသာစကား မရေးတတ် မဖတ်တတ်ဖြစ်နေရင် အနာဂါတ်မှာ အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်”လို့လည်း ထိုင်းပညာရေးဝန်ကြီး က ဆိုပါတယ်။

.လက်ရှိမှာတော့ ထိုင်းဥပဒေအရ ထိုင်းကျောင်းတွေမှာ မြန်မာကလေးငယ် ထောင်ပေါင်းများစွာ တက် ရောက်သင်ယူနေပြီး၊ အများစုဟာ ရွေ့ပြောင်းအလုပ်သမား မိသားစုမှ ပေါက်ဖွားလာသည့် ကလေး များ ဖြစ်ကာ၊ တချို့ကလေးများမှာ ဒုက္ခသည်များ၏ ကလေးဖြစ်ပြီး၊ တချို့မှာ ပဋိပက္ခများကြောင့် ထွက်ပြေးလာသူများဖြစ်ပါတယ်။

အလားတူ မြန်မာကလေးငယ်များအား မြန်မာစာသင်ရိုးညွှန်းတမ်း သင်ကြားပေးခြင်းကဲ့သို့ လာအိုနှင့် ကမ္ဘောဒီယား ကလေးငယ်များကို ဆက်လက်ကူညီမည်ဟုလည်း သိရပါတယ်။

ဒါဟာ ထိုင်းအစိုးရရဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်လာတဲ့ အစီအစဉ်ဖြစ်ပြီး၊ ယခင်ကတော့ မြန်မာရွေ့ပြောင်းကလေးငယ်များရဲ့ ပညာရေးအတွက် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများက ကူညီ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading