အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မြောက်ကိုရီးယားကို မီးကုန်ယမ်းကုန် တုံ့ပြန်သွားမည်ဟု ပြောဆိုခဲ့ အပြီး၊ မြောက်ကိုရီးယား ပြည်သူထောင်ပေါင်းများစွာဟာ ပြုံယမ်းမြို့က ခေါင်းဆောင်ကြီး ကင်အီဆွန်း ရင်ပြင်မှာ စုံရုံးကာ သွေးစည်းကြောင်းပြခဲ့ပါတယ်။
သြဂုတ်လ ၉ရက်နေ့ ထွက်ခဲ့တဲ့ အဆိုပါ ဗီဒီယိုမှတ်တမ်းမှာ လူပေါင်းများစွာဟာ စစ်သားများ နောက်မှာ စုရုံးခဲ့ပြီး အစိုးရခေါင်းဆောင်တွေရဲ့ မိန့်ခွန်းကို နားထောင်ကာ လက်ခုပ်သြဘာပေးခြင်း ပြုလုပ်ခဲ့ပါတယ်။
ထိုနောက် ဝါဒဖြန့် စာတန်းများကိုင်ဆောင်ကာ ကျောင်းသားများ အလုပ်သမားများဟာ လက်သီးလက်မောင်း တန်းကာ ကြွေးကြော်သံများကို အော်ဟစ်ကာ ချီတက်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု အသစ်များ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့ပြီး နောက်မှာ အမေရိကန်သမ္မတက မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို မီးကုန်ယမ်းကုန် တုံ့ပြန်မယ်လို့ ပြောဆိုပြီးမှာ ပြုံယမ်းအစိုးရလည်း အမေရိကန်ပိုင် ဂူအမ်ကျွန်း တိုက်ခိုက်မယ်လို့ ဆိုလိုက်အတွက် ဒေသတွင်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
ပြုံယမ်းနဲ့ ဝါရှင်တန်အကြားမှာလည်း စစ်နဲ့ ပတ်သက်တဲ့ ခြိမ်းခြောက်မှု စကားလုံးတွေဟာ သမ္မတ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ယူပြီးနောက်မှာ ပိုမိုပြီးတော့ အပြန်အလှန်ပြောဆို လာတာဖြစ်ပါ တယ်။