သတင်းတို

လက်ရွေးစင် အမျိုးသမီးအသင်းကို ကမ္ဘောဇဘဏ်က ဒေါ်လာ ၁ သောင်းချီးမြှင့်

Want create site? Find Free WordPress Themes and plugins.

အိမ်ရှင်မလေးရှား အမျိုးသမီးအသင်းကို ဂိုးပြတ် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကမ္ဘောဇဘဏ်မှ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သောင်းချီးမြှင့်ကြောင်း သိရပါတယ်။

၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲအဖြစ် သြဂုတ်လ ၁၇ ရက်နေ့ညနေပိုင်းက ကစားခဲ့တဲ့ပွဲစဉ်မှာ မြန်မာ လက်ရွေးစင်အမျိုးသမီးအသင်းဟာ မလေးရှားအမျိုးသမီး လက်ရွေးစင်အသင်းကို ၅-၀ ဖြင့် အနိုင်ရရှိခဲ့မှုအတွက် ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ မြန်မာအမျိုးသား ဘောလုံးအသင်းနဲ့ အမျိုးသမီးအသင်းတို့နဲ့ အတူလိုက်ပါသွားကြတဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အသင်းနာယက ဦးအောင်ကိုဝင်း၊ ဦးတေဇ တို့လိုက်ပါသွားကြပြီး မြန်မာ အသင်းနိုင်ပွဲရရှိခဲ့တဲ့ပွဲတွေမှာ ဆုချီးမြှင့်ခဲ့ကြတာတွေ့ရပါတယ်။

လက်ရှိအချိန်အထိ ၂ ပွဲကစား၊ ၂ ပွဲလုံးနိုင်ထားတဲ့ မြန်မာ အမျိုးသား လက်ရွေးစင်အသင်းကို အမေရိကန် ဒေါ်လာ ၈ သောင်း ချီးမြင့်ထားသလို မလေးရှားကို အနိုင်ရရှိထားတဲ့ အမျိုးသမီးအသင်းကိုတော့ ဒေါ်လာ ၁ သောင်း ချီးမြှင့်ထားပါတယ်။

မြန်မာအသင်း အနေနဲ့ အုပ်စုပထမပွဲစဉ် အဖြစ် စင်ကာပူ အသင်းကို အနိုင်ရရှိစဉ်က အမေရိကန်ဒေါ်လာ ၃ သောင်းရရှိခဲ့ပြီး အဲဒီဆုကြေးကို ဦးအောင်ကိုဝင်း တဦးတည်းမှ ၃ သောင်း၊ ဦးတေဇနဲ့ ဦးဇော်ဇော်တို့ က ၁ သောင်းစီ ချီးမြှင့်ခဲ့ကြတာ ဖြစ်ပါတယ်။

လာအိုအသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲမှာတော့ မြန်မာ အမျိုးသားအသင်းကို ပွဲအပြီးမှာ ဦးအောင်ကိုဝင်း က ၁ သောင်း၊ ဦးဇော်ဇော်က ၁ သောင်းနဲ့ ဦးမောင်မောင်၊ ဦးထွန်းထွန်းနဲ့ မိတ်ဆွေတွေက ၁ သောင်း ချီးမြှင့်ခဲ့ကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading