သတင်းတို

ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ရဲ့ တူ စစ်တပ်မှ နှုတ်ထွက်

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့နှစ်က တူတော်သူကို စစ်တပ်မှာ ရာထူးခန့်အပ်ခဲ့တဲ့အတွက် ထိုင်းအာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ပရာယွဒ် ချန်အိုချာကို “ဆွေမျိုးကောင်းစားရေး ဝါဒ” ထူထောင်တယ် လို့ အကြီး အကျယ် ဝေဖန်စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးမှာ အဆိုပါ တူတော်စပ်သူ ပက်တီပက် ပေါင် ချန်အိုချာဟာ ယခုအခါ စစ်တပ်မှ နှုတ်ထွက်သွားပြီဖြစ်လို့ Khaosad သတင်းက ဆိုပါတယ်။

အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ ပက်တီပက် ပေါင် ချန်အိုချာရဲ့ ဖခင်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွဒ်ချန် အိုချာရဲ့ ညီဖြစ်သူ ဗိုလ်ချုပ်ကြီး ပရီချာ့ ချန်အိုချာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပက်တီပက် ပေါင် ချန်အိုချာကို ဖိစနုလောက်မှာ အခြေစိုက်တဲ့ အမှတ် ၃ စစ်တိုင်းမှာ အရပ်သားများနဲ့ သက်ဆိုင်တဲ့ ဌာနကို ကိုင်တွယ်ဖို့အတွက် လစာ ဘတ် ၁၅၀၀၀(ကျပ် ၆သိန်းခန့်) ဖြင့် ဒုဗိုလ်အဖြစ် အဖေဖြစ်သူ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်ချုပ်ကြီး ပရီချာ့က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ထိုသို့ ရာထူးခန့်အပ်မှုကြောင့် ဦးလေးတော်စပ်သူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန် အိုချာနဲ့ အဖေဖြစ်သူ ဗိုလ်ချုပ်ကြီး ပရီချာတို့ဟာ ဆွေမျိုးကောင်းစားရေး ဝါဒ လုပ်ဆောင်တယ်ဆိုကာ သတင်းစာများကအပြင်း အထန် ဝေဖန်ခံခဲ့ရပါတယ်။

ဒါအပြင် ချန်အိုချာ မျိုးဆက်တွေဟာ တပ်ထဲမှာ ပြဿနာတက်တိုင်းလည်း အကာအကွယ်ပေးခြင်းကို အမြဲခံရတယ်လို့ ဝေဖန်တဲ့သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။

ထိုစဉ်က အဖေဖြစ်သူ ဗိုလ်ချုပ်ကြီး ပရီချာကတော့ ဒါဟာ လုပ်ရိုး လုပ်စဉ်သာဖြစ်တယ်၊ တပ်ထဲမှာ လည်း ဒီလို လူတွေအများကြီးပဲ ကျနော်သားတယောက်ထဲမဟုတ်ဘူး လို့ ကာကွယ်ပြောဆိုပေမယ့် ဒီလုပ်ရပ်ဟာ အာဏာသိမ်း စစ်အစိုးရအပေါ်လူထုယုံကြည်မှုပိုမိုကျဆင်းစေခဲ့ပါတယ်။

ဒါအပြင် ကာယကံရှင် ဒုဗိုလ် ပက်တီပက် ဟာလည်း တိုင်ကြားမှု အများအပြားခံရသလို ဖိအားပေးမှု များလည်း ရှိသဖြင့် နောက်ဆုံးမှာ Facebook သုံးစွဲမှုကိုပါ ပိတ်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပြီးနောက် ယခုနှစ် မေလနှောင်းပိုင်းမှာ သူ အင်္ဂလန်နိုင်ငံမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Facebook မှာ ပြန် လည်တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက်မှာ ပက်တီပက်ဟာ စစ်တပ်ကနေ ထွက်သွားပြီဖြစ်ကြောင်း၊ ဒီလိုနှုတ်ထွက်တာဟာ ဖိအားတွေ ဝေဖန်မှုတွေကြောင့် မဟုတ်ပဲ အင်္ဂလန်မှာ ဆက်သွယ်ရေး အနုပညာဘွဲ့ယူဖို့ဖြစ်တယ်၊ သူ့ပျော်ရွင်မှုအတွက် တပ်ကနေထွက်တာဖြစ်တယ်လို့ အဖေဖြစ်သူ ဗိုလ်ချုပ်ကြီး ပရီချာက မီဒီယာတွေ ကိုပြောကြားခဲ့ပါတယ်။

ပက်တီပက်ဟာ စစ်တပ်မှာ ခန့်အပ်ခံရစဉ်က နရဲစွမ် တက္ကသိုလ်ကနေ ဆက်သွယ်ရေးနဲ့ အနုပညာ ဘွဲ့ကြိုလက်မှတ် ရရှိထားသူဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ သတင်းတွေကို ရေးသားတဲ့ Wassana Nanuam က ပက်တီပက်ဟာ ဘယ်သော အခါမှ စစ်တပ်ထဲသို့ မဝင်လိုကြောင်း၊ တပ်ထဲမှာလည်း အကြီးအကျယ် စုံစမ်းစစ်ဆေးခံရကြောင်း၊ မိဘတွေက သူ့ရဲ့ အဖေတွေ ဦးလေးတွေလို ဖြစ်စေချင်လို့ တပ်ထဲသို့ ထည့်တာဖြစ်ကြောင်း၊ ဒါဟာ သူစစ်သားမလုပ်ချင်ဘူးဆိုတာ ထင်ရှားတဲ့အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading