သတင်းတို

မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် မွန်ပြည်သစ်ပါတီမှ တွဲဖက် အတွင်းရေးမှူး နိုင်ဂျော်ယဲ့ ဦးဆောင်သည့် ဗဟိုကော်မတီဝင် ၁၀ ဦးကျော် ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် အစိုးရ အဖွဲရုံးတွင် တွေ့ဆုံ ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီက အစိုးရအဖွဲ့နှင့် တွေ့ဆုံနိုင်ရန် ကမ်းလှမ်းခဲ့ပြီးနောက် မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ အေးဇံ တာဝန်ယူခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့ နောက်ပိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး လက်ထက်တွင်လည်း မွန်ပြည်နယ် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အကြား တကြိမ် တွေ့ဆုံခဲ့ဖူးပြီး ယခုတွေ့ဆုံမှုသည် NLD အစိုးရလက်ထက်တွင် တတိယမြောက် တွေ့ဆုံခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA အား လက်မှတ် မရေးထိုး ရသေးသည့် အဖွဲ့ တခု ဖြစ်သဖြင့် ဒေသ ဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရာ၌ အားနည်းချက် များစွာ ရှိကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက တွေ့ဆုံပွဲတွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် သုံးသပ် ပြောကြား ခဲ့သည်။

ယင်းပါတီသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံ နိုင်ရန် သြဂုတ် ၁၀ ရက်နေ့က စာပို့ တောင်းဆို ထားပြီး ဒေါ်အောင်ဆန်း စုကြည်က တွေ့ဆုံမည်ဟု အကြောင်းပြန် ထားကြောင်း မွန်ပြည်သစ်ပါတီ၏ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှ က ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ တွေ့ဆုံရန် မအားလပ် သဖြင့် စစ်ဆင်ရေး အထူး အဖွဲ့ ၄ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း တို့နှင့် သြဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံ ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading