တရုတ်နိုင်ငံ ဟောင်ကောင်၊ မက္ကာအို၊ ဂွမ်ဒေါင်း စတဲ့ တောင်ပိုင်းဒေသကို ဝင်ရောက် တိုက်ခတ် သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဟာတို ကြောင့် သေဆုံးသူ ဦးရေ ၁၂ ဦးအထိရှိကြောင်း ဆင်ဟွာသတင်းကဆိုပါတယ်။
မနေ့ကတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟာတိုဟာ ၅၃နှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ပြီး မကာအိုကျွန်းမှာ ၈ ဦးသေဆုံးကာ ၁၅၃ ဦး ဒဏ်ရာရရှိကာ အိမ်နီးချင်း ဂွမ်ဒေါင်းပြည်နယ်မှာ ၄ ဦး သေဆုံး၍ ၁ဦး ပျောက်ဆုံးနေပါတယ်။
တနာရီကို ၉၉မိုင်နှုန်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း ဟာတိုကြောင့် လူပေါင်း ၂၇၀၀၀ ကို အရေးပေါ် ခိုလှုံရာ အဆောက်အဦးတွေမှာ ပြောင်းရွေ့ပေးခဲ့ရပြီး၊ လျှပ်စစ်ဓာတ် အားပြတ်တောက်မှုများ၊ စိုက်ခင်းများ ပျက်စီးခဲ့ရပါတယ်။