ရခိုင်ပြည်နယ် မောင်တောခရိုင်းအတွင်းရှိ ရဲကင်းများ၊ ရဲစခန်းများကို ဘင်္ဂလီအကြမ်းဖက်သမားများ က ယမန်နေ့ညက တချိန်တည်း တပြိုင်နက် ဝင်ရောက်တိုက်ခိုက်လာကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
ယမန်နေ့ည ၁နာရီခန့်က နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာ တောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ထိုတိုက်ခိုက်မှုတွင် ဘင်္ဂလီ အကြမ်းဖက်သမား ၇ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၅ဦးကျဆုံးပြီး သေနတ် ၂လက် ပါသွားကြောင်းသိရသည်။
ယနေ့နံနက် ၃နာရီခန့်မှာ ဘင်္ဂလီ အကြမ်းဖက်သမား ၁၅၀ခန့်သည် ခြေမြန်တပ်ရင်း ၅၅၂ ဂိတ်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။
ယခုတိုက်ခိုက်မှုမှာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ကော်မရှင်၏ အစီရင်ခံစာထွက်ပေါ်အပြီးမှာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။