သတင်းတို

မကွေးနှင့် ချင်းနယ်စပ်တွင် တွေ့ရှိရသည့် ရေနံကြောကို စစ်ဆေးအတည်ပြုမည်

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်တွင် တွေ့ရှိသောသတ္တုသိုက်နှင့် ရေနံကြောကိုလာမည့်တပတ်အတွင်းသတ္တုတွင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများကသွားရောက်စစ်ဆေးမည် ဖြစ်ကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ သတ္တုတွင်းဝန်ကြီးဌာနမှသိရသည်။

ယင်း မကွေးတိုင်းဒေသကြီး နှင့် ချင်းပြည်နယ် နယ်စပ်တွင် တွေ့ရှိရသော သတ္တုသိုက် တခုနှင့် မန်းရေနံံမြေ နှင့် ထောက်ရှာပင် ရေနံမြေအနီး၌ ရေနံကြောတခု တွေ့ရှိထားသည်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက 7 Day နေ့စဉ်သတင်းစာသို့ ပြောကြားထားသည်။

သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ‘‘နေရာကသတ္တုလုပ်ကွက်တွေ ရှိပြီးသား။ မြေယာအသစ်ကြီးမှာ ဖြစ်တာတော့ မဟုုတ်ဘူး။ နဂိုကတည်းက ရှိတယ်။ ဒါကြောင့် နဂိုကထက် သတ္တုသိုုက် တွေများ အလားအလာ ပိုကောင်းလာလို့ ထပ်ပြီးတွေ့ ရှိတာလားဆိုတာ ပြန်ပြီးဆန်းစစ်မယ်’’ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်ဘက်တလျောက်တွင် ကြေးနီ၊ ခရိုမိုက်၊ ခရိုနီယမ်နှင့် ပတ်သက်သော သတ္တုများထွက်ရှိပြီးအသေးစားသတ္တုလုပ်ကွက်များမှာယခင်တည်းကရှိပြီးသားဖြစ်သောကြောင်း ၎င်းက ပြောသည်။

ယင်းသတ္တုသိုက်အပြင် မန်းရေနံမြေနှင့် ထောက်ရှာပင် ရေနံမြေအနီး၌လည်း ရေနံကြောတခုကိုလည်း ဘူမိဗေဒ ပညာရှင်တဦးမှ တွေ့ရှိထားကြောင်းသိရသည်။

ကန်ပက်လက်မြို့နယ်တွင်းရှိ ဇာတောင်တွင် သတ္တု ၅ မျိုးမှ ၁၀ မျိုးကြားထွက်ရှိသည်ကိုဒေသခံများမှ လုပ်ကွက်များ တူးဖော်နေကြောင်းတိုင်းဒေသကြီးအစိုုးရအဖွဲ့မှ သိရသည်။

သတ္တုကြောသည် ကန်ပက်လက်နှင့် စေတုတ္တရာ မြို့နယ်ကြားတွင် ထုတ်လုပ်နိုင်ရန် အလားအလာကောင်းနေပြီး ချင်း ပြည်နယ် နယ်စပ်နှင့် ဆက်စပ်နေသောကြောင့် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading