သတင်းတို

ဘာစီလိုနာအကြမ်းဖက်မှု၌ ပါဝင်သူကို သတ်မယ်လို့ ထောင်သားများ ခြိမ်းခြောက်

Want create site? Find Free WordPress Themes and plugins.

လူ ၁၅ဦးသေဆုံးခဲ့ရတဲ့ စပိန်နိုင်ငံ ဘာစီလိုနာမြို့ အကြမ်းဖက်တိုက်ခိုက်မှု အတွက် သံသယရှိသည့် အသက် ၂၈နှစ်အရွယ်ရှိ Driss Oukabir ကို မက်ဒရစ် အကျဉ်းထောင်မှာ ဖမ်းဆီးထားရာ ၎င်းကို တခြားသော အကျဉ်းသားများက လည်လှီးသတ်မည်ဟု ခြိမ်းခြောက်မှုများရှိနေကြောင်း စပိန် ဒေသ တွင်းသတင်းတွေကဆိုပါတယ်။

El Pais သတင်းက လုံခြုံရေး အစောင့်များ၏ ပြောကြားချက်ကို ကိုးကားရေးသားရာတွင် Oukabir ထောင်သို့ရောက်ရှိလာသည့် သတင်းကိုကြားသည်နှင့် “မင်းအခန်းပြင်ထွက်လာ ရင် လည်လှီးသတ်မယ်” လို့ မဒရစ်ရှိ Soto del Real အကျဉ်းထောင်မှ အကျဉ်းသားများက အခန်းပြူတင်းပေါက်များမှတဆင့်အော်ဟစ်ကြတယ်လို့ သိရပါတယ်။

အချို့သောအကျဉ်းသားများကမူ အကြမ်းဖက်သမားဟုခေါ်ကာဆဲဆိုကြတယ်လို့ ဆိုပါတယ်။
Oukabir ဟာ ဇာတိမြို့ Ripoll တွင် ကိုယ်တိုင်အဖမ်းခံခဲ့ပြီး ဘာစီလိုနာမြို့ ကမ္ဘာ့လှည့်ခရီးသွား များ စည်ကားရာ Las Ramblas အရပ်တွင် လူပေါင်း ၁၃ဦးသေဆုံးကာ ၁၃၀ခန့် ဒဏ်ရာရခဲ့သည့် အကြမ်း ဖက်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် ဗင်ကားကို သူကိုယ်တိုင် ငှားရမ်းခဲ့ကြောင်း တရားသူကြီးထံ တွင် ဖြောင့်ချက်ပေးပြီးဖြစ်သည်။

သို့သော် သူအနေဖြင့် အဆိုပါကားဖြင့် ပရိဘောဂသယ်ယူမည်ဟုသာ သိရတယ်လို့ ထွက်ဆိုပါတယ်။

တရားသူကြီး ဖာနန်ဒို အန်ဒရူးကမူ ထိုတိုက်ခိုက်မှုတွင် Oukabir ပါဝင်ပတ်သက်သည်မှာ ခိုင်မာတဲ့ အထောက်အထားရှိတယ်လို့ ဆုံးဖြတ်ပြီး သူ့ကို လူသတ်မှု၊ အကြမ်းဖက်အဖွဲ့အစည်းဝင်ဖြစ်မှု ဖေါက်ခွဲပစ္စည်းပိုင်ဆိုင်ခြင်းတို့ဖြင့် အာမခံမပေးဘဲထိန်းသိမ်းထားပါတယ်။

ယခုအခါ သူ၏လုံခြုံရေးအတွက်သူ့ကို တဦးတည်း တိုက်ပိတ်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ရက်နေ့က ဘာစီလိုနာမြို့က ကမ္ဘာ့လှည့်ခရီးသွားများ စည်ကားရာအရပ်မှာ ဖီယက်အမျိုးအစား ဗင်ကားတစီးက လူအုပ်ထဲ ဝင်တိုက်တဲ့အတွက် လူ ၁၃ဦးသေဆုံးကာ ၁၃၀ ဒဏ်ရာရခဲ့ပါတယ်။

တိုက်ခိုက်မှုကို ကျူးလွန်တဲ့ မော်ရိုကိုလူမျိုး ယူနက် အဘူယာကွပ်ကို ပြီးခဲ့တဲ့ သြဂုတ် ၂၂ရက်နေ့က အသေပစ်ခတ်ဖမ်းဆီးလိုက်ပြီး၊ ကြံရာပါများအနက် ၇ဦးကို လုံခြုံရေးတပ်က သတ်ဖြတ်ကာ ၄ဦး အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading